26 C
Yangon

အရာတော်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာတစ်ရွာတွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ

Must read

ရန်ကုန်၊ သြဂုတ် ၁၆

စစ်ကိုင်းတိုင်း အရာတော် မြို့နယ်ရှိ အကြမ်းဖင် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာတစ်ရွာတွင် ၅/ အရာတော် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၆ ရက်နေ့တွင် “တော်လှန်စိတ်ဓာတ်ကိုမီးရှို့ပြာချလို့မရ” စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ၅/စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ကျေးရွာတွေဟာအကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖိနှိပ် မီးရှို့ဖျက်ဆီးချင်းကိုခံနေကြရပါတယ်။ဒါကို မိဘပြည်သူတွေ အသိ မိဘပြည်သူတွေ မျက်မြင်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ကျနော်တို့ အဖိနှိပ်ခံ ပြည်သူလူထုဟာ လုံးဝ လုံးဝ ကြောက်ရွံ့သွားခြင်း မရှိပါဘူး ကျနော်တို့ကို ဘယ်လောက်ပဲ အကြောက်တရားသွင်းဖို့ ဖိနှိပ် ဖိနှိပ် ကျနော်တို့ဟာ ကြောက်ရွံ့မသွားပါဘူး။

စစ်ကောင်စီ အကြမ်းဖက် ယုတ်မာလေ ကျနော်တို့ပိုပြီး စစ်ကောင်စီကို ပိုမိုမုန်းတီးရွံရှာလေလေပါပဲ။ကျနော်တို့ကို ဘယ်လောက်ပဲ ဖိနှိပ်ပြီး ရက်စက်ပါစေ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို ကျနော်တို့ အရောက်သွားမှာပဲ ဖြစ်ပါတယ် ကျနော်တို့ဟာ ခဏလေးတောက်လောင်မဲ့ကောက်ရိုးမီးတွေ မဟုတ်ပါဘူး ကျနော်တို့ဟာ ရှားမီးခဲတွေပါ။မင်းအောင်လှိုင် နဲ့ စစ်ခွေးအပေါင်းအပါတွေ မီးလောင်ပြာကြသည်အထိ ကျနော်တို့ တော်လှန်ရေးခရီး ဆက်လက်ချီတက်နေမှာပါ ငါတို့ဟာ ၅/ အညာဒေသရဲ့ ဖီးနှစ်ငှက်တွေပဲ၊ ငါတို့ဟာ ၅/ အညာဒေသရဲ့ ဖီးနှစ်ငှက်တွေပဲ၊ငါတို့ဟာ

၅/ အညာဒေသရဲ့ ဖီးနှစ်ငှက်တွေပဲ” ဟု သပိတ် ဦးဆောင်သူများက ဟောပြောခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article