30.5 C
Yangon

မန္တလေးတွင် စက်သုံးဆီ ဝယ်မရ၍ ပြည်သူများ တိုးကြိတ်တန်းစီ၊ ရန်ကုန်ဆီဆိုင်တချို့လည်း ဆီပြတ်လပ်ဟုဆို

Must read

ရန်ကုန်၊ ဩုဂုတ် ၁၆

မန္တလေးတွင် ယနေ့ ညနေ ၄ နာရီဝန်းကျင်အချိန်အထိ စက်သုံးဆီ ဝယ်မရ၍ ပြည်သူများ တိုးကြိတ်တန်းစီနေရဆဲဖြစ်ကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် စက်သုံးဆီ ဆီဆိုင်တချို့ပိတ်ထားပြီး ရှိနေသော ဆိုင်များတွင် တိုးဝှေ့ ဝယ်ယူရကြောင်း သိရှိရသည်။

“အခု မန္တလေး၊ ၂၆လမ်း၅၈×၅၉ကြားက ရွှေဗျိုင်းဖြူဆိဆိုင်၊ ချမ်းအေးသာဇံမြို့နယ် မှာတိုးနေကြတယ်။ အကန့်အသတ်နဲ့ပဲရောင်းတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင် စက်သုံးဆီဆိုင်တချို့တွင် 92 ဓာတ်ဆီနှင့် 95 ဓာတ်ဆီကုန်နေသည်ဟုပြောဆိုပြီး ဒီဇယ်မှာမူ စိတ်ကြိုက် ဝယ်ယူနိုင်ကြောင်း ရန်ကုန်ဒေသခံများက ပြောဆိုကြသည်။

“တန်းတော့ အကြာကြီးမစည်ရဘူး။ ဒါပေမယ့် တချို့ဆိုင်တွေ 92 ၊ 95 မရဘူး။ ရတဲ့ဆိုင်တွေလည်း ရတယ်” ဟု ရန်ကုန်တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article