30 C
Yangon

နေပြည်တော်တွင် ဗိုလ်နဂါးနာမည်အသုံးပြုပြီး စီးပွားရေးလုပ်ငန်းအချို့ကို အကြမ်းဖက်စစ်တပ်ပိုင် MyTelဖုန်းနှင့် ဆက်သွယ်ကာ ငွေခြိမ်းခြောက်တောင်းယူ

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်တွင် စီးပွားရေးလုပ်ငန်းအချို့ထံသို့ အကြမ်းဖက်စစ်ခွေးများကို တော်လှန်တိုက်ခိုက်နေသော ပုလဲမြို့နယ်မှတော်လှန်ရေးခေါင်းဆောင် ဗိုလ်နဂါးနာမည်ကို အသုံးပြုပြီး MyTelဖုန်းဖြင့် ဆက်သွယ်ကာ ခြိမ်းခြောက်ငွေတောင်းယူမှုများ ဖြစ်ပွားနေကြောင်း နေပြည်တော်သတင်းရပ်ဝန်းအတွင်းမှ သိရသည်။

နေပြည်တော် ဇမ္မူသီရိမြို့နယ် မြို့မစျေးတွင် တည်ရှိသော ဆန်ဆိုင်အချို့အပါအဝင် စီးပွားရေးလုပ်ငန်းများထံသို့ ပြည်သူ့တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်နဂါးနာမည်ကို အသုံးပြုကာ ဖုန်းဆက်သွယ်၍ ငွေခြိမ်းခြောက်တောင်းယူမှုများ ဩဂုတ်လ ပထမအပတ်အတွင်း ဖြစ်ပွားခဲ့ကြောင်း နေပြည်တော်သတင်းရပ်ဝန်းအတွင်းမှ ထပ်မံသိရသည်။

ထူးခြားဖြစ်စဉ်မှာ ယခုကဲ့သို့ ငွေခြိမ်းခြောက်တောင်းယူရန် ဆက်သွယ်သည့် ဖုန်းမှာ အကြမ်းဖက်စစ်ကောင်စီ၏ MyTel ဆင်းမ်ကတ်ဖြင့် ဖြစ်နေပြီး ဆန်ဆိုင်အများစုထံသို့ ငွေခြိမ်းခြောက်တောင်းယူခြင်းဖြစ်သည်။

ပြည်သူ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်နဂါးသည် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ထောင်နိုင်ရေးလက်နက်ကိုင် တိုက်ပွဲဝင်နေသော နာမည်ကျော် တော်လှန်ရေးသမား၊ ပုလဲနယ်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အစွမ်းကုန်တိုက်ခိုက်နေသော မြန်မာ့တော်ဝင်နဂါးတပ်မတော်(MRDA) တည်ထောင်သူလည်း ဖြစ်သည်။ ယင်းအပြင် ဗိုလ်နဂါးသည် ပြည်တွင်းပြည်ပ သတင်းမီဒီယာများတွင် ကျော်ကြားသောပြည်သူ့ဘက်မှ တိုက်ခိုက်ရေးခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

လက်ရှိတွင် ယင်းကဲ့သို့ ငွေခြိမ်းခြောက်တောင်းယူမှုဖြစ်ပွားပြီးနောက် နေပြည်တော်တွင် အကြမ်းဖက်စစ်ကောင်စီဘက်က စသုံးလုံးအပါအဝင် ရဲတပ်ဖွဲ့ဝင်များသည် စုံစမ်းစစ်ဆေးရေးခေါင်းစဉ်တပ်ကာ ခြေရှုပ်နေကြောင်း နေပြည်တော်သတင်းရပ်ဝန်းအတွင်းမှသိရသည်။

ယခုကဲ့သို့ အကြမ်းဖက်စစ်တပ်ပိုင် MyTel ဖုန်းဆင်းမ်ကတ်ကို အသုံးပြုကာ လုပ်ငန်းရှင်များထံ ဖုန်းဆက်သွယ်၍ ငွေခြိမ်းခြောက်တောင်းယူနေမှုသည် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးလက်ချက်ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ကြသည်။

ပုလဲဘက်မှ နာမည်ကျော် တော်လှန်ရေးခေါင်းဆောင်နာမည်ကို အသုံးပြုကာ နေပြည်တော်တွင် ငွေခြိမ်းခြောက်တောင်းယူမှုသည် အကြမ်းဖက်စစ်တပ်ဘက်က လုပ်နေကျလုပ်ရိုးလုပ်စဉ်ပုံစံ တော်လှန်ရေးသမားများကို ပုံဖျက်ခြင်းပင်ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

နေပြည်တော်မြို့မစျေးပုံ -Mini Way Services-Nay Psi Taw Facebook page

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article