31 C
Yangon

ရန်ကုန်၊ မန္တလေး၊ မကွေးတို့တွင် ဗုံးပေါက်ကွဲမှုများနှင့် ရဲစခန်းကို တိုက်ခိုက်မှုများ ဖြစ်ပွား

Must read

ရန်ကုန်၊ ဩဂုတ် ၁၇

ရန်ကုန်၊ မန္တလေး၊ မကွေးတို့တွင် ဗုံးပေါက်ကွဲမှုများနှင့် ရဲစခန်းကို တိုက်ခိုက်မှုများ ဩဂုတ်လ ၁၃ ရက်နေ့မှ ဩဂုတ်လ ၁၆ ရက်နေ့ အထိ ကာလများအတွင်း ဖြစ် ပွားကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန် ဗုံးပေါက်ကွဲမှုများနှင့်ပစ်ခတ်မှုများ

ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ် ဆိပ်ကမ်းမြိုနယ်၊ ၇၈ ရပ်ကွက်တွင် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၁၂ မိနစ်အချိန် ဗုံးပေါက်ကွဲခဲ့ပြီး လူ ၂ ဦးထိခိုက်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၁၂ မိနစ်အချိန်၊ နံနက် ၁၀ နာရီ ၁၁ မိနစ်အချိန်တို့တွင် မရမ်းကုန်းမြို့နယ်တွင် ဗုံးပေါက်ကွဲခဲ့သည်။ အင်းစိန်မြို့နယ်တွင် ဩဂုတ် ၁၆ ရက်နေ့ နံနက် ၈ နာရီ ၇ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲသည်။ လှိုင်မြို့နယ်တွင် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၄၃ မိနစ်တွင် ဗုံးပေါက် ကွဲ သည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် စက်မြေရပ်ကွက် စက်မြေလမ်းမကြီးပေါ်၌ ဩဂုတ်လ ၁၄ ရက်နေ့ ည ၈ နာရီ ခွဲဝန်းကျင်၌ အမည် မသိလက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၁၅ ရက်နေ့နှင့် ဩဂုတ်လ ၁၆ ရက်နေ့တွင် စစ်တပ်က ဒလမြို့နယ်ကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်သည်။

” ၁၄ ရက်နေ့ ည ၈ နာရီကျော်က စစ်တပ် ဒလန် ဒလကလူမိုက်အဖွဲ့ကို ပစ်ခက်တိုက်ခိုက်တယ်လို့ကြားတယ်။ စစ်ဆေးမှုတွေ ဒလမှာ ကြမ်းတယ်။ လှေဆိပ်တွေ ပိတ်တယ်။ သွားလာရေး အရမ်းဒုက္ခရောက်တယ်” ဟု ဒလဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် သာကေတမြို့နယ် မြင်တော်သာလမ်းရှိ မြို့နယ် လျှပ်စစ် မီတာရုံးကို. ဩဂုတ်လ ၁၃ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်၊ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၄၇ မိနစ်အချိန်တွင်လည်းကောင်း ဗုံးခွဲမှု များဖြစ်ပေါ်ခဲ့သည်။

မကွေး၊ ကံမမြို့နယ်၊ ရေနံ့သာနယ်မြေရဲစခန်းကို ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်းဒေသကြီး၊ ကံမမြို့ နယ်၊ ရေနံ့သာနယ်မြေရဲစခန်းကို ဩဂုတ်လ ၁၅ ရက် ည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် သေနတ်သမား ၈ ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကျော် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများအခြေအနေ မသိရှိရကြောင်း ကံမမြို့ဒေသခံများထံမှ သိရှိရသည်။

မန္တလေးတွင် စစ်တပ်ထုတ် အရက်နှင့်ဘီယာများရောင်းချသော ဆိုင် ဗုံးကွဲ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမန္တလာ ကားကွင်းအနီး၊ ၈၉ လမ်းနှင့် ၂၃ လမ်းထောင့်ရှိ စစ်တပ်ထုတ် အရက်နှင့်ဘီယာများ ရောင်းချသော ဧရာ၀တီဘီယာဆိုင်တွင် ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး အနည်းငယ် ထိခိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် ရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article