30.5 C
Yangon

ရန်ကုန်-အင်းစိန်လမ်းတွင် ချထားခဲ့သော မင်းအောင်လှိုင် ပုံစံတူ တုတ်ထိုးရုပ်မှ ဗုံး ၂ လုံးပေါက်ကွဲ၊ လူထိခိုက်မှုမရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ခဝဲခြံမှတ်တိုင်နှင့် ကုလားကျောင်းမှတ်တိုင်အကြား အောင်သိဒ္ဓိလမ်း မီးပွိုင့်တွင် မင်းအောင်လှိုင်ပုံစံတူ တုတ်ထိုးရုပ်ကို စစ်အင်္ကျီဝတ်ပေးပြီး လမ်းလယ်တွင် ချထားခဲ့ရာ ယင်းအရုပ်အောက်တွင် ဗုံး ၂ လုံးပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် အဆိုပါ မင်းအောင်လှိုင် တုတ်ထိုး အရုပ်ကို ချသွားခြင်းဖြစ်ပြီး ပထမ အသံဗုံးတစ်လုံး ပေါက်ကွဲကြောင်း၊ သို့ရာတွင် ပထမ ပေါက်ကွဲသော ဗုံးမှာ အသံတိုးပြီး ပြင်းထန်မှုမရှိကြောင်း၊ ယင်းနောက် စစ်တပ်က လမ်းပိတ်စစ်ဆေးစဉ် နောက်ထပ် ဗုံးတစ်လုး တွေ့ရှိ၍ ဖောက်ခွဲလိုက်ကြောင်း သိရှိရသည်။

“ပထမ ဗုံးပေါက်တယ်လို့ အနားက လူတွေပြောတယ်။ ကျနော်တို့တော့ မကြားလိုက်ရဘူး။ ဒုတိယ စစ်တပ်က လမ်းပိတ်ပြီး ခွဲတဲ့အချိန်မှာတော့ တော် တော်ကျယ်တယ်။ အသံက ။ အဲဒါပြီးတော့ ဦးရေခဲလမ်း၊ အောင်သိဒ္ဓိလမ်း ဘက်တွေမှာ ပိတ်ပြီး စစ်ဆေးတာတွေ လုပ်နေတာတွေ့တယ်။ ဖုန်းတွေပါ စစ်တာ။ ဗုံးပေါက်မှုက လူထိခိုက်မှုမရှိပါဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

မရမ်းကုန်းမြို့နယ်၊ အောင်သိဒ္ဓိလမ်း ပတ်ဝန်းကျင်တွင် နေထိုင်သော ဒုသမ္မတဟောင်း၊ ဗိုလ်ချုပ်ဟောင်း သီဟသူရ တင်အောင်မြင့်ဦး အိမ်အနီး ဩဂုတ်လ ၁၇ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ ကင်းပုန်းများချထားစဉ် ယနေ့ နံနက် ပိုင်း စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article