ရန်ကုန်၊ သြဂုတ် ၁၉
ရန်ကုန်တွင် စစ်အာဏာရှင် စနစ် ဖြုတ်ချရေးအတွက် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား လူငယ်များက ဦးဆောင်ဆန္ဒပြကြကြောင်း သိရှိရသည်။
“တောင်တန်းမြေပြန့်ညီညွတ်ကြစစ်သုံးစစ်ကိုအမြစ်ဖျက်ကြ”ဘန်နာစာသားဖြင့် မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ကျောက် တံတားမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊လသာမြို့နယ်ကျောင်း သားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့် Burmese Youth Revolutionary Force-BYRF တို့ပူးပေါင်း၍ ချီတက်ဆန္ဒပြကြကြောင်း သိရှိရသည်။