30 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေကြောင်းအရ မြန်မာ နိုင်ငံသမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်ကာလအဖြစ် တာဝန်ယူဆောင်ရွက်နိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို ပြောဆိုကြောင်း အကြမ်းဖက်စစ်တပ်က မနေ့ကသတင်းထုတ်ပြန်ပါတယ်။ – အမျိုးဘာသာသာသနာလှုပ်ရှားမှု နဲ့ အစွန်းရောက်အမျိုးသားရေးလှုပ်ရှားမှုတွေမှာ အဓိက ကြိုးကိုင် ထောက်ပံ့ ခဲ့တဲ့ ကြံ့ဖွတ်ဒုဥက္ကဋ္ဌ လ၀က ဝန်ကြီး ခင်ရီ နဲ့ အမှတ် ၂ စစ်ကောင်စီရုံးဝန်ကြီး ချစ်နိုင် စိတ်ပညာတို့ကို မင်းအောင်လှိုင်က ရာထူးကနေဖယ်ရှားလိုက်ပါတယ်။ – စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်မှာ ဩဂုတ်လ ၁၈ ရက် နေ့လယ်ပိုင်းက ချောင်းဦးမြို့လုံခြုံရေး တာဝန်ယူထားသူ အကြမ်းဖက် ဗိုလ်မှူးအောင်ကိုမင်းနဲ့အဖွဲ့ မိုင်းဆွဲခံရပြီး ဗိုလ်မှူးအောင်ကိုမင်း အပါအဝင် ၄ ဦး အပြင်း အထန်ထိခိုက် ဒဏ်ရာရရှိတယ်လို့ ချောင်းဦး PDF သတင်းရင်းမြစ်က ပြောပါတယ်။ – ကရင်ပြည်နယ်၊ မြ၀တီ-ဝေါ်လေကားလမ်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်က ၆ ဦး သေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာ လက်နက်တွေလည်း သိမ်းဆည်းရမိတဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article