ရန်ကုန်၊ သြဂုတ် ၂၁
မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကန်နယ်မြေ ရဲစခန်းမှ အရက်ထွက်ဝယ်သည့် ရဲတပ်သား ဇော်နိုင်ဦးကို သြဂုတ်လ ၁၂ ရက်နေ့ ည ၆ နာရီခန့်တွင် PDB (YDF တပ်ရင်း ၄)က ဖမ်းဆီးခဲ့ကြောင်း ယောကာကွယ်ရေးတပ်၏ Phoenix Defense Battalion (PDB) အဖွဲ့ထံမှ သိရသည်။
သြဂုတ်လ ၁၂ ရက်နေ့ ညနေ ၆ နာရီ ခန့်တွင် ကန်ရဲစခန်း မှ ရဲ ၁ ဦး ထွက်လာသည့် ကာကွယ်ရေး တပ်ဖွဲ့များမှ သတင်းရရှိပြီးနောက် PDB(YDF တပ်ရင်း ၄)မှ တပ်ရင်းမှုး ဧကရာဇ်မုန်တိုင်း ဦးဆောင်သော ပူးပေါင်းအဖွဲ့များနှင့်အတူ အရက်ဆိုင်အတွင်း ဝင်ရောက်လုံးထွေး ဖမ်းဆီးခဲ့ပြီး ၎င်း ရဲတပ်သား ဇော်နိုင်ဦးကို ယောကာကွယ်ရေးတပ် (YDF) ဗဟိုဌာနချုပ်ထံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဓာတ်ပုံ- ကန်နယ်မြေ ရဲစခန်းမှ အရက်ထွက်ဝယ်သည့် ရဲတပ်သား ဇော်နိုင်ဦး ဖမ်းဆီးခံထားရစဉ်။