35 C
Yangon

စစ်တပ်နှင့်ပျူစောထီးများ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

Must read

By ရန်ကုန်ခေတ်သစ်

စစ်တပ်နှင့်ပျူစောထီးများ၏ ပစ်ခတ်မှုကြောင့် ဟိုပင်မြို့၊ မုံရွာမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် ဒီးမော့ဆို မြို့နယ်တို့တွင် ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဟိုပင်တွင်NLD ပါတီဝင် ကိုအမောင်ကို လူတစ်စုက သတ်ဖြတ်

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ကြာကြီးကွင်းကျေးရွာတွင် NLD ပါတီဝင် ကိုအမောင် ဆိုသူကို ယနေ့တွင် အမည်မသိလူတစ်စုက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။

“ကိုအမောင်က NLDအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မျက်နှာဖုံးများနဲ့လူတစ်စုအိမ်ထဲဝင်ပြီး သေနတ်နဲ့လာပစ်သွားပါတယ်။ ဒီနေ့မှအသတ်ခံရတာပါ။သေနတ်ကနှစ်ချက် ပစ်ပြီး ၃ ချက်မြောက်မှာမှ သူ့အမေက သိရတာ။ သူတို့အိမ်က ရွာကားလမ်းပိုင်းမှာနေပါတယ်။ ကုန်စုံဆိုင်ရောင်းပါတယ်။ နေ့လယ်ကြီးလာပစ်သွားတာပါ။ မိန်းမက ဟိုပင်မြို့ကိုဈေးတက်ဝယ်သွားချိန်ဖြစ်သွားတာပါ” ဟု ဒေ သခံတစ်ဦးကပြောသည်။

ဒေသခံတချို့ကမူ ပစ်ခတ်မှုသည် စစ်တပ်နှင့်ဆက်နွယ်သော ပျူစောထီးအဖွဲ့က ဖြစ်နိုင်ကြောင်း၊ ကိုအမောင် သည် NLD ပါတီဝင်ဖြစ်‌ပြီး စစ်အာဏာ ရှင်စနစ်ကို မကြိုက်ကြောင်း ထုတ်ဖော်ပြောဆိုလေ့ရှိကြောင်း သိရှိရသည်။

မုံရွာ၊ မင်းရွာမှ ပြည်သူတစ်ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မင်းရွာမှ ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ်က ယနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် အကြောင်းမဲ့ ပစ်သတ်သွားပြီး ယခုအချိန် အထိ အလောင်းမကောက်ယူနိုင်သေးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“ဖြစ်ချိန်က ဒီနေ့ နံနက် ၁၁နာရီဝန်းကျင်မှာပစ်သတ်ခံရတာ။ အခုချိန်ထိလည်း စခတွေ ဘုန်းကြီးကျောင်းနာက ဇရပ်မှား နားပြီးအိပ်နေပါတယ်။ ပစ်သတ်ခံရတာက ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းနေဆဲပါ။ ရွာထဲ ခြေလျင် စစ် ကြောင်း တက်လာကြတာ” ဟု‌ ဒေသခံတစ်ဦးက ပြောသည်။

တန့်ဆည်တွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ လူ ၄ ဦးထိခိုက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် တွင် ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၂ နာရီ အချိန် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖလံချိုင်ကျေးရွာအတွင်းသို့ နေအိမ် နှစ်လုံး လက်နက်ကြီးထိမှန်ကာ ပြည်သူ ၄ ဦး ထိ ခိုက် ဒဏ်ရာရရှိကြောင်း တန့်ဆည် သတင်းရင်းမြစ်များထံမှသိရှိရသည်။

လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၆၀ ခန့် အရွယ် အမျိုးသားနှင့် အမျိုးသမီး လင်မယားသည် လည်ပင်းနှင့် ဗိုက်တို့တွင် ရှပ်ထိဒဏ်ရာများရရှိကြောင်း၊ အခြားနေအိမ်မှ သားအဖနှစ်ဦး လည်းဒဏ်ရာရရှိရာ သမီးဖြစ်သူ အသက်၂၅ နှစ်ခန့် သည် ပါးနှစ်ဖက် ဖောက်ထွက်ပြီး သွေးထွက်များနေကြောင်း၊ ဖခင်ဖြစ်သူမှာ ခြေထောက် ထိမှန် ကြောင်း ၊ လူနာများအားလုံး လူနာတင်ကားဖြင့် (ကျေးရွာအစီအစဉ်ဖြင့်) မန္တလေး သို့ ပို့ဆောင်ရန် စီစဉ်ထားသော်လည်း ကားငှား၍မရသောကြောင့် အခက်ခဲဖြစ်နေကြောင်းတန့်ဆည် သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဒီးမော့ဆိုတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် မောင်စနေဦး သေဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် သြဂုတ်လ၂ ၀ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးများ၊ အတွဲလိုက်ဒုန်းများ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အသက်(၁၂) နှစ်အရွယ် မောင်စနေဦး ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးများ၊ အတွဲလိုက်ဒုန်းများ နေ့စဉ်ပစ်ခတ်မှုကြောင့် ယခုအချိန်ထိ အရပ်သားပြည်သူ(၇)ဦးထက်မနည်း ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article