26 C
Yangon

မတ္တရာတွင် စစ်ကြောင်းထိုးလားသော စစ်တပ် မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး၊ ကနီတွင်လည်း စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်အင်အား၂၇ ဦးပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း သိရှိရသည်။

ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၂နာရီ ၁၀ မိနစ်အချိန်တွင် သရက်ကိုင်းနှင့်ဇီးဖြူပင်ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း နတ်ဆိုး တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊‌ပဲကင်းရွာအနီးတွင် ဒေသခံပြည်သူ့ကာ ကွယ်ရေး မြွေပိုင်းတောင်အဖွဲနှင့် စစ်ကောင်စီတပ်တို့ ယနေ့ ဩဂုတ်လ ၂၁ ရက် နေ့ ညနေ ၄ နာရီခန့်အချိန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကြောင်း အဖွဲ့တာဝန်ရှိသူက ပြောသည်။

“တိုက်ပွဲကတော့ ခဏလေးထိတွေ့မှု ဖြစ်လိုက်တာ။ စစ်‌ကောင်စီတပ်ကတော့ ၂ ကောင်တော့နေရာတင်ကျသွားတယ်။ ကျွန်တော်တို့ဘက်ကတော့အထိခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။ တိုက်ပွဲက ကျွန်တော်တို့ တစ်ဖွဲ့တည်းဆိုတော့ လူအင်အားကသာရှိတာ။ လက်နက် အင်အားကမရှိတော့ ခုခံစစ်ကို ကောင် းကောင်း မကာကွယ်နိုင်ခဲ့ဘူး။ အဲဒီအတွက် ရွာသူရွာသားတွေကို တောင်းပန်ပါတယ်။ လက်နက်ပြည်စုံတဲ့ မြို့နယ်ပကဖတွေ၊မြို့နယ်တပ်ရင်းတွေကလည်း လာကူ‌ပေးကြဖို့ လည်းဖိတ်ခေါ်ပါတယ်” ဟု မြွေပိုင်းတောင်အဖွဲ့တာဝန်ရှိသူ ကိုရုက္ခစိုးကပြောသည်။

ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူထားကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo- Agency ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article