26 C
Yangon

သန်လျင်တွင် စစ်ကောင်စီသတင်းပေး ဟု သတ်မှတ်ခံရသူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ဗဟန်းနှင့်သာကေတွင် ဗုံးပေါက်ကွဲမှုများဖြစ်

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်စွပ်စွဲခံရသူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

Soul Takers- Yangon Underground Force က ယနေ့ ညနေ ၄ နာရီ ၂၇ မိနစ်အချိန် သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု၊ပျဉ်ထောင်ကျောင်းရပ်ကွက်၊ ဂေသာရှင်မန်းဥယျာဉ်လမ်း အတွင်းနေထိုင်သော သူကြီး ကို ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

သူကြီးသည် တော်လှန်ရေး အင်အားစုများ၊ အနီးပတ်ဝန်းကျင်ရှိ UG အဖွဲ့များအား စုံစမ်းကာ စစ်ကောင်စီသို့ သတင်းပေးခြင်း ၊ကိုယ်တိုင် လိုက်လံညွှန်ပြ ဖမ်းဆီးစေခြင်း ဝင်ရောက်စီးနင်းမှုများအား ကူညီပေးခြင်းများ ကို ဆိုင်ကယ် ကယ်ရီမောင်းရင်း ၊ ပြည့်တန်ဆာခေါင်း အဖြစ်လုပ်ကိုင်နေရင်း အကြမ်းဖက်စစ်တပ်၏ အားထားရသော သတင်းပေးအနေဖြင့် လုပ်ဆောင်နေကြောင်း ပြည်သူများက သတင်းပေးသည်ကို စုံစမ်းစစ်ဆေးကြောင်း၊ အချက်အလက်များ ခိုင်မာသောအခါ ရှင်းလင်းခြင်းဖြစ်သည်ဟု Soul Takersက ဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် သူကြီးသည် စစ်တပ်သတင်းပေး အစစ်အမှန်ဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်းမရှိပေ။

ထို့ပြင် ယနေ့ ညပိုင်းတွင် သာကေတနှင့် ဗဟန်းတို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

သာကေတမြို့နယ်တွင် ယနေ့ ည ၇ နာရီခွဲအချိန်တွင်လည်းကောင်း၊ ဗဟန်းမြို့နယ်တွင် ယနေ့ည ၈ နာရီ ၁၀ မိနစ်အချိန်တွင်လည်းကောင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုကြပြီး အသေးစိတ်အချက်အလက် နှင့်အခြေအနေများကို မသိရှိရသေးပေ။

ဓာတ်ပုံ- ယနေ့ပစ်ခတ်ခံရပြီး သေဆုံးသွား သန်လျင်မှ စစ်တပ်သတင်းပေး သူကြီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article