30 C
Yangon

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ စုပေါင်း၍ နွေဦးတော်လှန်ရေး ထောက်ပို့တပ်သားများအဖြစ် လစဉ် မြန်မာ အလုပ်သမားတစ်ဦးလျှင် ဘတ် ၃၀၀ နှုန်းဖြင့် စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေသော PDFနှင့် တော်လှန်ရေးအတွက် ထောက်ပံ့

Must read

ရန်ကုန်၊ သြဂုတ် ၂၂

ထိုင်းနိုင်ငံ ဖေ့ချဘွန်နယ်မြေရှိ မြန်မာအလုပ်သမားများ ရှိနေသည့် နယ်မြေများသို့ သြဂုတ်လ ၂၁ ရက်နေ့တွင် MFDMC (မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေး အဖွဲ့ချုပ်) ပြည်ပထောက်ပံ့အဖွဲ့ ထိုင်းအဖွဲ့ခွဲက ဦးဆောင်ကာ နွေဦးတော်လှန်ရေးတွင် ထောက်ပို့ တပ်သားအဖြစ် ပါဝင်နိုင်ရေး စည်းရုံးရေးပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ စည်းရုံးရေးပွဲတွင် အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာ ဒုဝန်ကြီး မအိသဥ္ဇာမောင်၊ CDM ဗိုလ်ကြီး ကိုလင်းထက်အောင်တို့က အားပေးစကား ပြောကြားခဲ့ပြီး KTJ SUPPORTING GROUP မှ ကိုယ်စားလှယ်များက MFDMC ၏ ခံယူချက်နှင့် ထောက်ပံ့ပုံ အဆင့်ဆင့် ထောက်ပံ့ငွေ စီးဆင်းပုံများကို အသေးစိတ် ပြန်လည် ရှင်းပြခဲ့ကြောင်း သိရသည်။

MFDMC အဖွဲ့သည် ထိုင်းရောက် မြန်မာအလုပ်သမားများ၏တစ်ရက်လုပ်အားခကို MFDMC သို့ ထောက်ပံ့ခြင်းဖြင့် စစ်အာဏာရှင် တိုက်ထုတ် တော်လှန်နေသော PDF များကို ထောက်ပံ့မည်ဖြစ်ကြောင်း ၊ မြန်မာတစ်ဦးလျှင် တစ်လကိုဘတ် ၃၀၀ လစဥ်ထောက်ပံ့ပေးသွင်းပြီး ၆ လပြည့်လျှင် MFDMC၏ တရားဝင် တပ်သားကဒ်ကို ရရှိမည်ဖြစ်ကြောင်း၊ တရားဝင် ထောက်ပို့ တပ်သားကဒ် အလျင်အမြန် လိုချင်သူများ အနေဖြင့် ၆ လ မစောင့်နိုင်လျှင် ၆ လစာ ၁၈၀၀ ဘတ်ပေးသွင်းပြီး တရားဝင် ယာယီ online ကဒ်ကို တစ်ပတ်အတွင်း ရရှိမည်ဖြစ်ကြောင်း၊ Supporting group များပေါင်းစည်း ဦးဆောင်နေခြင်းကြောင့် ထိရောက်လွန်းသည့် Project ဖြစ်ကြောင်း၊ လိုအပ်နေသည့် မြေပြင်များသို့ ချွေးနည်းစာလေးများ ရောက်ရှိသွားခြင်းကြောင့် ထောက်ပံ့တပ်သားများ အလွန်ဝမ်းမြောက်စရာဖြစ်ရကြောင်း၊ တော်လှန်ရေးကြီးရှေ့ဆက်နိုင်ရန် ထိရောက်စွာ ပါဝင်နိုင်ရန် အဓိကဖြစ်ကြောင်း၊ ထောက်ပံ့တပ်သားအဖြစ် လာဝင်လိုသူများ အနေဖြင့် အသေးစိတ် ထပ်မံသိလိုလျှင် MFDMC Page Chatbox တွင် စုံစမ်းနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article