32 C
Yangon

အင်းစိန်ထောင်အနီးတွင် အလွန်ပြင်းထန် ကျယ်လောင်သော ဗုံး ၄ လုံးပေါက်ကွဲ

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

ရန်ကုန်တိုင်း၊ အင်းစိန်ထောင်အနီးတွင် ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၃ နာရီ ၂၀ မိနစ်အချိန်တွင် အလွန် ပြင်းထန်ကျယ်လောင်သော ဗုံး ၄ လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

” ဒီနေ့ မနက် ၃ နာရီ ၂၀ မိနစ်မှာ အင်းစိန်ဗုံး၄လုံးကွဲတယ်။ ပထမ အသံအကျယ်ကြီး နှစ်ချက်ဆင့်ပြီး ကြားရတယ်။ ခဏနေတော့ ပေါက်တောဝနားမှာ ထပ်ပြီး ဗုံးပေါက်ပြန်ရော။ အဲဒီလိုပဲ နှစ်ချက်ဆင့်ပြီး ဗုံးပေါက်တာ။ တော်တော်ကိုအသံကျယ်တယ်။ ရိုးရိုးဗုံးကွဲအသံထက်ကို ၁၀ ဆလောက်ကျယ်တယ်။ မြေ ကြီး တွေပါ တုန်သွားတာ” ဟု ပေါက်တော၀တွင် နေထိုင်သူပြည်သူတစ်ဦးက ပြောသည်။

အလားတူ အင်းစိန်ပန်ခြံနေသူ ပြည်သူတစ်ဦးကလည်း ဗုံးပေါက်ကွဲသံ ကြားရသည်မှာ မှန်ကန်ပြီး အင်းစိန်ထောင် ပတ်ဝန်းကျင်တွင် ပေါက်ကွဲမှုဖြစ်နိုင်သည်ဟု ခန့်မှန်းသည်။

“အခုမနက် ၃နာရီ ၂၀ ဝန်းကျင်မှာ ဗုံးပေါက်ကွဲသံတွေ ဆက်တိုက်ကြားရတယ်။ အင်းစိန်ထောင်အနီးတဝိုက်နားလောက်လို့ ခန့်မှန်းပါတယ်” ဟု အင်းစိန်ပန်းခြံအနီးနေသူ ပြည်သူတစ်ဦးက ပြောသည်။

ယမန်နေ့ညပိုင်းက ရန်ကုန်အရှေ့ဒဂုံ၊ သာကေတ၊ လှိုင်သာယာ၊ အလုံ အပါ အဝင်မြို့နယ်အများအပြားတွင် ဗုံးများပေါက်ကွဲခဲ့ပြီး အရှေ့ဒဂုံ EPC ရုံးကိုမူ HRD နှင့် WOH မြို့ပြပျောက်ကျားတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်အင်းစိန်ထောင်ကို အပေါ်စီးမှ မြင်ရသည့် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article