24 C
Yangon

ကန့်ဘလူ၊ ညောင်ကုန်းရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေ

Must read

ရန်ကုန်၊ သြဂုတ် ၂၂

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ညောင်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ကုန်းရွာကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို စိတ်ကြိုက်မွှေနှောက်ပြီးမှ ညနေ ၄ နာရီခန့်တွင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

” စစ်တပ်က ဘာတိုက်ပွဲမှမရှိဘဲ ရွာကို သေနတ်တွေ ပစ်ဖောက်ပြီး ဓားပြ ဆန်ဆန်ကို ဝင်စီးတာ သူတို့ဝင်လာပြီ ဆိုတာနဲ့ တစ်ရွာလုံးက အသက်လုပြီးပြေးရတာ ပြည်သူတွေ ထိခိုက်သူရှိမရှိလည်း မသိရသေးဘူး။ ဖမ်းဆီး၊ ပိတ်မိသူတွေရှိမရှိလည်း အတည်မပြုနိုင်သေးဘူး။ ရွာလုံးကျွတ်ကို ရှို့နေတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လက်ရှိချိန်ထိ ကျေးရွာပေါင်း ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေရပ် မပြန်နိုင်သော ဒေသခံ ပြည်သူ အများအပြားရှိနေကာ အရေအတွက် အတည်မပြုနိုင်အောင် နေ့စဥ် လူဦးရေး တိုးနေကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ညောင်ကုန်းရွာကို အဝေးမှ တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article