ရန်ကုန်၊ သြဂုတ် ၂၆
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များနှင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ် ဘက်မှ စစ်ကြောင်းမှူး ၁ ဦး အပါအဝင် ၂၁ ဦးခန့် သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် မင်းရွာကျေးရွာတွင် တပ်စွဲထားသည်မှာ ၁ လကျော်ခန့်ရှိပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၁ ဦးခန့်သေဆုံးခဲ့ကာ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF မဟာမိတ်များဘက်မှ ရဲဘော် ၆ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မင်းရွာ ကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပကဖ) နှင့်အတူ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း – ၁ (27 Revolution Force၊ Burmese Guerilla Force (BGF)၊ 11 Brothers Revolution Force) ၊ မြင်းခြံခရိုင် တပ်ရင်း – ၂ (PDF-Taloke၊ MGN Tiger၊ MGN Ranger၊ Myingyan Twenty One Guerilla Force)၊ မြင်းခြံခရိုင် တပ်ရင်း – ၃ (မြေလတ် PDFT ၊TTAပြောက်ကျားတပ်၊ 7 People’s Defense Force၊)၊ မြင်းခြံခရိုင်တပ်ရင်း – ၅ (MGN 35၊ MG 6 ပြောက်ကျားတပ်)၊ စစ်ကိုင်းခရိုင်တပ်ရင်း – ၄ (MSPDF) ၊ သိန်းငှက် ပြောက်ကျားတပ်ဖွဲ့၊ Shwe Lal Kyun LPDF၊ ဒေါင်းညီနောင် PDF၊ YLK ပြောက်ကျားတပ်၊ ဗိုလ် ၆၀ ပြောက်ကျားတပ်၊ Farmer Defense Force၊ Young Fighters PDF ၊ ရဲဘော်ညီနောင် PDF၊ ကျေးရွာတပ်ပေါင်းစု – မြောင်၊ ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း၊ People’s Defense Force Mandalay -MDY PDF၊ YSO. ISA၊ Wolf Brothers၊ Myaung Fighters၊ Justice Revolution Force၊ Myingyan MGK ပြောက်ကျားတပ်ဖွဲ့၊ Yesagyo PDF၊ Thwaythauk Revolution Force စသည့် မဟာမိတ်တပ်ဖွဲ့ ၂၅ ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို PDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။