ရန်ကုန်၊ ဩဂုတ် ၂၆
ရန်ကုန်၊ ပြည်လမ်းမ၊ မာလာဆောင်ရှေ့ လူကူးတံတားပေါ်တွင် တော်လှန်တက်ကြွလူငယ်များသည် ‘ဘယ်လောက်ဖိဖိ ကြွမဲ့ ရန်ကုန်သားတွေ’ ‘ တရားတဲ့သူသာ နိုင်ကြေးဟေ့’ စာသားများကို ယနေ့ ဩဂုတ်လ ၂၆ ရက် နံနက်တွင် ချိတ်ဆွဲကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြသည်။
“ကိုဂျင်မီနဲ့ ကိုဇေယျာသော်ကို ကြိုးပေးလိုက်တာနဲ့ ဒီကောင်တွေက ပီးပီထင်နေတာ။ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်၊ ဘယ်လောက်ဖိဖိ ကျနော်တို့က ရရာနေရာကနေတော်လှန်နေမှာပဲ၊ ကြောက်နေမှာမဟုတ်ဘူး။ အဓမ္မကို ဓမ္မနဲ့ချေဖျက်မယ်၊ တရားတဲ့သူပဲ အနိုင်ရရမယ်” ဟု တော်လှန်လူငယ်တစ်ဦးက ပြောဆိုသည်။