30 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ်၂၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ်၂၇ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ် (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သြဂုတ်လ ၂၆ရက်နေ့ ည ၉ နာရီ ၉ မိနစ်ခန့်၌ မြို့ပြပြောက်ကျားအဖွဲ့တွေက အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ၄ ဦးသေသွားတယ်လို့ Union Myanmar Civil Defense – UMCD အဖွဲ့ဆီက သိရပါတယ်။ – ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဆာဂွန်းစစ်ဆေးရေးဂိတ်မှာ ဩဂုတ်၂၆ ရက် မနက်၉နာရီလောက်က ချိန်ကိုက်ဗုံးပေါက်ကွဲပြီး လုံခြုံရေးတာဝန်ကျ ရဲတပ်ကြပ်မောင်နိုင်မှာ အပြင်းအထန်ဒဏ်ရာရပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ရန်ကုန်ခေတ်သစ်သတင်း ရင်းမြစ်က အတည်ပြုပြောဆိုပါတယ်။ – အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကြာလာချိန်မှာ ပြည်တွင်းစီးပွားရေး စျေးကွက် အတွင်း အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၂၉ သိန်းနီးပါး စျေးနှုန်းတွေမြင့်တက်လာချိန် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းက ရွှေကုန်သည်တွေ၊ ရွှေသန့်စင်ရေးလုပ်ငန်းတွေနဲ့ ရွှေလှော်ဖိုတွေကို နေပြည်တော်ကို ဩဂုတ်လ ၂၇ ရက်နေ့ လာရောက်ရန် ခေါ်ယူထားတယ်လို့ ရွှေကုန်သည်တွေဆီကသိရပါတယ်။ – စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာကို အကြမ်းဖက်စစ်တပ်က သြဂုတ်လ ၂၆ ရက်နေ့ မနက် ၅ နာရီ ၄၅ မိနစ်လောက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာသား ၃ ယောက်ကို သတ်ဖြတ်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article