19 C
Yangon

မောင်တောတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ အသက် ၇၀ အရွယ် ဒေါ်မေသာစိန် ပွဲချင်းပြီးသေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၂၇ ရက်

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ မင်းကြီးကျေးရွာတွင် ယနေ့ဩဂုတ် ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ အဖွားအိုတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။

အသက် ၇၀ အရွယ်ရှိ သေဆုံးသွားသူ ဒေါ်မေသာစိန်၏ ရုပ်အလောင်းအား အိမ်ပေါ်တွင် ပစ်ထားခဲ့ရပြီး ရွာသားများမှာ စိုးရိမ်ကြောက်လန့်ကာ ကျေးရွာ၏ ဘုန်း​ကြီးကျောင်းတွင် စုဝေးတည်းခိုနေကြသည်ဟု သေဆုံးသွားသူ၏ သမီးဖြစ်သူ ဒေါ်ဦးခင်သန်း က ပြောသည်။

“လက်နက်ကြီးက အိမ်ရှေ့က ဓာတ်တိုင်မှာကျပြီးတော့ အိမ်ထဲကို လွှင့်စင်ပြီးတော့ ကျလာတာ။ အိမ်မှာ ထရံတွေလည်း ပေါက်သွားတယ်။ ကျမအမေဆီမှာ ဘေးစမှာ ကျတယ်။ အခုရွာသားတွေကလည်း ဘုန်းကြီးကျောင်းမှာ စုဝေးပြီးတော့ နေကြတယ်။ ကျမအမေရဲ့ အလောင်းကို အိမ်မှာတစ်ယောက်တည်း စောင်ခြုံပြီးတော့ ချန်ထားခဲ့ရတယ်။ သင်္ဂြိုဟ်ဖို့ဟာကိုတောင် ဘယ်လိုမျိုး သင်္ဂြိုလ်ရမယ် မသိဘူး” ဟု ပြောသည်။

ယနေ့ နံနက်က လက်နက်ကြီး ပစ်သံ နှစ်ကြိမ်၊ သုံးကြိမ်ခန့် ကြားခဲ့ရပြီးနောက် လက်နက်ကြီးကျည်ထိမှန်၍ နေအိမ် ကျရောက်၍ သေဆုံးသွားခြင်း ဖြစ် ကြောင်း မင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

“ကျနော်တို့ရွာ အနီးအနားမှာ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ လက်နက်ကြီးပစ်သံတော့ နှစ်ကြိမ်၊ သုံးကြိမ်ကြားလိုက်တယ်။ ကျနော်တို့ထင်တာကတော့ ကြိမ်ချောင်းဖက်က ပစ်တယ်လို့ထင်တယ်း”ဟု ပြော သည်။

မင်းကြီးကျေးရွာတွင် အိမ်ခြေ ၈၀ ခန့်ရှိပြီး လူဦးရေ ၇၀၀ ခနိ့ရှိကာ ကျေးရွာသားများမှာလည်း စိုးရိမ်ကြောက်လန့်နေကာ ကျေးရွာ၏ ဘုန်ကြီးကျောင်းတွင် ခိုလှုံနေရသည်။

ဒေသခံ အမျိုးသမီးတစ်ဦးက”ရွာထဲမှာ တစ်ယောက်မှ မနေရဲတော့ဘူး။ စစ်ကောင် စီတပ်က မနေ့က တစ်နေ့ ကုန်လက်နက်ကြီးနဲ့ ပစ်နေတယ်။ ဒီနေ့ လည်းပစ်တယ်။ ခမောင်းဆိပ်က ပစ်တာ။ ကျမတို့ရွာနဲ့နီးနီးလေးပဲ။ ခမောင်းဆိပ်ဗျူးဟာကုန်း ပစ်နေတာတစ်လျှောက်ပဲမနေ့ကတည်း အခု လက်နက်ကြီးနဲ့ထုနေတယ်”ဟုပြောသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ထိမှန် သေဆုံးသူ အသက် ၇၀ အရွယ် ဒေါ်မေသာစိန်။

(Western News-WN သည်ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article