ရန်ကုန်၊ ဩဂုတ် ၂၇
ရန်ကုန်ကြည့်မြင်တိုင်တွင် ၂၀၂၁ ခုနှစ် ဆန္ဒပြလူငယ်များကို စစ်ကားဖြင့် တိုက်ခဲ့သူ ခလရ ၂၈ မှ ဗိုလ်မှူး နိုင်ဘိုဘို၏ ဇနီးဖြစ်သူကို လမ်းခရီးတစ်ခုတွင် ဖမ်းမိခဲ့သော်လည်း PDF က ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
ခလရ ၂၈ မှ ဗိုလ်မှူးနိုင်ဘိုဘိုသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းတွင် စစ်အာ ဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလူငယ်များကို စစ်ကားဖြင့် အရှိန်ပြင်းပြင်းတိုက်၍ ဖမ်းဆီးခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇန် နဝါရီ ၄ ရက်နေ့တွင် မင်းအောင်လှိုင်၏ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံရသူလည်းဖြစ်သည်။
“ရန်ကုန် ကြည့်မြင်တိုင်မှာ မြို့ပြလူငယ်တွေကို ကားနဲ့တိုက်သတ်ပြီး ဖမ်းခဲ့တဲ့ဗိုလ်မှူးကို မှတ်မိတယ်မလား။ သူ့ယောက္ခထီးကလည်း စစ်ခွေးပဲ။ ယောက္ခထီးရဲ့ သားတွေကလည်း စစ်ခွေးတွေပဲ။ ဗိုလ်မှူးနိုင်ဘိုဘိုရဲ့ မိန်းမကို မိတယ်။ ခရီးသွားရင်း သတင်းရလို့ ဖမ်းထားတာ ယောင်္ကျား အပြစ်ရှိတာ မိသားစုနဲ့ မဆိုင်ဘူးဆိုပြီး ဆုံးဖြတ်ပြီး ပြန်လွှတ်ပေးလိုက်တယ်။ မနေ့ညနေက ဖမ်းမိတာပါ။ ဒီမနက် အစောကြီးပဲ ကောင်းကောင်းမွန်မွန် လိုက်ပို့ပြီး ပြန်လွှတ်ပေးလိုက် ပါတယ်။ မနေ့က သူ့အဖော်မိန်းကလေးတစ်ယောက်ပါတယ်။ သူ့တစ် ယောက် တည်းကိုပဲ ဖမ်းခေါ်လာတာ” ဟု PDF သတင်းရင်းမြစ်က ပြော သည်။
မူလက ဗိုလ်မှူးနိုင်ဘိုဘို၏ ဇနီးဖြစ်သူ က မည်သည့်အရာမှ ဝန်မခံဘဲ ငြင်းဆန်ခဲ့သော် လည်း PDF အမျိုးသမီးများက စစ်မေးသောအခါ ဗိုလ်မှူးနိုင်ဘိုဘို၏ ဇနီးဖြစ် သည်ဟု ဝန်ခံကြောင်း၊ မှတ်ပုံတင်အတုများလည်း ပါလာကြောင်း၊ ဗိုလ်မှူး နိုင်ဘိုဘို၏ အမျိုးသမီးဖြစ်သူ ခရီး သွားမည် ကို ကြိုတင် သတင်းရရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးလိုက် ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကြည့်မြင်တိုင်တွင် စစ်တပ်က ဆန္ဒပြသူများကို ကားဖြင့် တိုက်သတ်မှု ဦး ဆောင် သူများတွင် ဗိုလ်မှူး နိုင်ဘိုဘို၊ ရဲမှူးမောင်မောင်မြ၊ ဒုရဲအုပ်ဝင်းဇော်လွင်တို့ပါဝင်ခဲ့ကြခြင်းဖြစ်သည်။