30 C
Yangon

ကန့်ဘလူ-ကောလင်း-ကျွန်းလှမြို့နယ် အစပ်နေရာ တိုက်ပွဲတွင် စစ်သား ၄၀ ကျော်သေဆုံးပြီးနောက် အောင်ချမ်းသာ၊ ကုန်းစည်းကျေးရွာများကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးသဖြင့် အိမ် ၁၃၂ လုံး ပြာကျ

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ကောလင်း-ကျွန်းလှမြို့နယ် အစပ် အောင်ချမ်းသာကျေး ရွာအနီးတွင် ဩဂုတ်လ ၂၃ ရက်နေ့ စစ်သား ၄၀ ကျော်သေဆုံးခဲ့သော တိုက်ပွဲဖြစ်ပွားပြီးနောက် အောင်ချမ်းသာကျေးရွာနှင့် ကုန်းစည်းကျေးရွာများကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဩဂုတ်လ ၂၄ ရက်နေ့ နံနက်၇ နာရီ ၃၀မိနစ်အချိန် ကန့်ဘလူ- ကောလင်းမြို့နယ်အစပ် အောင်ချမ်းသာရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့ပြီး အောင်ချမ်းသာရွာရှိ အိမ်‌ခြေ၇၅ လုံးအနက် ၇၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း စာသင်ကျောင်းခေါင်မိုးများ မီးလောင်ပျက်ဆီးခဲ့သည့်အပြင် စပါးတင်းထောင်ချီ ဆုံးရှုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။

ထို့ပြင် ဩဂုတ်လ ၂၆ ရက်နေ့ နံနက်၇နာရီဝန်းကျင်ခန့်အချိန် ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ ကုန်းစည်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် ကုန်းစည်းရွာမမှ အိမ် ၄၂ လုံးနှင့် ကုန်းစည်းရွယ်လယ်မှ ၁၇ လုံး စုစုပေါင်း ၅၉လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၃ ရက်နေ့ ကန့်ဘလူ-ကောလင်း-ကျွန်းလှမြို့နယ် ၃ ခု အစပ်အောင်ချမ်းသာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၁ ဦး အရှင်ဖမ်းမိကြောင်း၊ စစ်သား ၄၀ ဦးထက်မနည်းသေဆုံးကာ လက်နက် ၂၂ လက်နှင့် ကျည် ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိကြောင်း ကန့်ဘလူခရိုင် တပ်ရင်း – ၂ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရောင်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

ဓာတ်ပုံ- သေဆုံးခဲ့သော စစ်သားများ၊ သိမ်းဆည်းရမိသော လက်နက်များနှင့် မီးရှို့ခံရသော ပြည်သူ့နေအိမ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article