29 C
Yangon

ပြင်ဦးလွင် မြို့ရှောင်လမ်းတွင် ယခုည တွဲကား နှင့် ကုန်တင်ကန်တာကား တိုက်မိပြီး လူ ၉ ဦးသေဆုံး ၊ လောက်ကိုင်ဘက် အလုပ်သွားလုပ်ရန် ထွက်လာကြသော သူများဖြစ်

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှောင်လမ်းတွင် ဩဂုတ် ၂၈ ရက်နေ့ ည ၈ နာရီ ၂၂ ဘီးတွဲကားနှင့် ကုန်တင်ကန်တာ ကားတိုက်မိပြီး လူ ၉ ဦးသေဆုံးသွားကြောင်း သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြင်ဦးမြို့ရှောင်လမ်း မှာ ည၈နာရီဝန်းကျင်က တွဲကား၂၂ဘီးနှင့် ၁၀ပေကန်တာ တိုက်မိရာ လူ ၉ ဦးသေဆုံးခြင်းဖြစ်ကြောင်း၊ သေဆုံးသူများသည် မင်းဘူးနှင့် အောင်လံဘက်မှ ဖြစ်ကြောင်း သိရှိရသည်။

“ယာဉ်တိုက်မှုမှာ သေဆုံးတာက အမျိူးသား၆ဦး၊ အမျိုးသမီး၃ဦး ပါ။ လောက်ကိုင်ဘက်အလုပ်လုပ်ဖို့ သွားကြတာ။ မင်းဘူး အောင်လံဘက်လာကြတာလို့ သိရပါတယ်” ဟု သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း မှ အဖွဲ့ဝင်က ပြောသည်။

Photo- သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article