34 C
Yangon

ရန်ကုန်တိုင်းအတွင်းရှိ ဓာတ်တိုင်များတွင် ချည်နှောင်ချိတ်ဆက်ထားသော အင်တာနက် ဖိုက်ဘာနှင့် Wifi ကြိုးများကို စည်ပင်နှင့် လျှပ်စစ်က ဖြတ်တောက်ဖယ်ရှားနေ ၊ မြို့နယ်အများစုတွင် အင်တာနက်များ ပြတ်တောက်

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

ရန်ကုန်တိုင်းတွင်းရှိ ဓာတ်တိုင်များတွင် ချည်နှောင်ချိတ်ဆက်ထားသော အင်တာနက် ဖိုက်ဘာနှင့် Wifi ကြိုးများကို စည်ပင်နှင့် လျှပ်စစ်က ဖြတ်တောက် ဖယ်ရှားနေသဖြင့် မြို့နယ်အများစုတွင် အင်တာနက်များ ပြတ်တောက်နေကြောင်း သိရှိရသည်။

“ဒီဓာတ်တိုင်တွေမှာ ချိတ်ထားတဲ့ Wifi ကြိုးတွေ၊ အင်တာနက် ဖိုက်ဘာလိုင်းတွေက တရားမဝင်ဘူး။ ဒါကြောင့် ဖယ်ရှားတာဆိုပြီး ကြိုးတွေ အကုန်ဖြတ်ချနေတာ။ စီမံချက်လို့ လည်းပြောတယ်။ Wifi Box တွေဆို တူတွေနဲ့ ရိုက်ထုပြီး ဖြုတ်ချသွားတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ၎င်းတွေ့ကြုံရသည့် အခြေအနေများကို ရှင်းပြသည်။

ယနေ့ အင်းစိန်မြို့သစ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်မှ ဓာတ်တိုင်များတွင် ချည်နှောင် ချိတ်ဆက် Wifi အင်တာနက် ကြိုးများနှင့် ဖိုက်ဘာအင်တာနက်ကြိုးများကို စည်ပင်နှင့် လျှပ်စစ်ဌာနက ဖယ်ရှား ဖြတ်တောက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အင်းစိန်မြို့သစ်၊ ဘုရင့်နောင်လမ်းမကြီး၊ ဓာတ်တွေတိုင်တွေပေါ်တက်ပြီး Wifiကြိုးတွေလိုက်ဖြတ်နေတယ်။ ဒီညနေ ၅ နာရီလောက်က” ဟု အင်းစိန်မှ ပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းမြို့နယ်အများစုတွင် ယင်းသို့ ဓာတ်တိုင်များမှ Wifi များနှင့် ဖိုက်ဘာအင်တာနက်လိုင်းများကို ဖယ်ရှားခြင်းမှာ ပြည်သူများကို အင်တာနက် မသုံးစွဲစေချင်သည့် နိုင်ငံရေးရည်ရွယ်ချက်ပါဝင်သည်ဟု သုံးသပ်နိုင်ကြောင်း ၊ Click လုပ်၍ PDF နှင့် NUG များ ဝင်ငွေရသည်ကိုလည်း ဖြတ်တောက်ချင်သည့် သဘောရှိကြောင်း ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ဆိုသည်။

“ဖေ့ဘုတ်စ်တွေ လူမှုကွန်ရက်တွေ အင်တာနက်သုံးနေရင် စစ်တပ်က ယုတ်မာတာ၊ လူတွေ သတ်နေတာ ကြည့်နေမှာစိုးလို့ထင်တာပဲ။ မြေပြင်မှာသာ သေ နတ်ပြပြီး ထိန်းလို့ရပေမယ့် လူမှုကွန်ရက်တွေမှာ ပြည်သူတွေက Click ဆို Click ကျတာပဲ။ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဒီလို ဖယ်ရှားတယ်ထင်ပါတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ယနေ့ ညနေ ၅ နာရီအချိန် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး ပေါ် ရှိ ဓာတ်တိုင်များမှ အင်တာနက်ဖိုက်ဘာနှင့် WiFi ကြိုးများကို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက ဖယ်ရှားနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article