27 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ်၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၃၀ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -စစ်ကိုင်းတိုင်း ကနီမြို့နယ် သရက်ပင်ရွာ၊ ဝါးတန်းအရှေ့ရွာနဲ့ဝါးတန်းအနောက်ရွာတို့ကို အကြမ်းဖက်စစ်တပ်က မီးရှို့ ဖျက်ဆီးတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောပါတယ်။ – တော်လှန်ရေးရဲဘော်တွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးတဲ့အ‌နေနဲ့ လုံခြုံရေးကင်မရာတပ်ဆင်ထားတဲ့ ပြည်သူများအနေနဲ့ အချက်နှစ်ချက်လုပ်ဆောင်ပေးဖို့ ရေဘဝဲအပါအဝင်ရန်ကုန်သပိတ်အဖွဲ့အစည်းတွေနဲ့ မြေပြင်ကင်းထောက်အဖွဲ့တွေက မေတ္တာရပ်ခံလိုက်ပါတယ်။ – စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ၂ ရက်ဆက်တိုက် ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲကယ်ထုတ်ခဲ့ရပြီး စစ်သား ၁၅ ဦး ထက်မနည်း သေသွားတယ်လို့ ထီးချိုင့် Tigyaing Revolution – TR အဖွဲ့က ထုတ်ပြန်ထားပါတယ်။ – ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်၊ မယ်ပမှာတဲ့ သဘာ၀တရားရိပ်သာမှာ အကြမ်းဖက်မြန်မာစစ်တပ်က စေလွှတ် လိုက်တဲ့စုံစမ်းထောက်လှမ်းသူ စပိုင်တချို့ အပါအဝင် အထောက်အထားမဲ့သူ ၃၈ ဦးကို ဖမ်းဆီးရမိတဲ့ သတင်းအပါအဝင် နောက်တုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article