29 C
Yangon

စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု တောင်ကြားရွာမှ နေအိမ် ၁၃၀ ပြာကျ၊ ရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ PDF ရဲဘော် ၁ ဦးကျဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၃၀

စစ်ကိုင်းမြို့နယ် တောင်ကြားရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၃၀ လုံး မီးလောင်ပြာကျခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ကျေးရွာအတွင်းသို့ မဝင်ရောက်မီ ရွာအနီးအနားတွင် သြဂုတ်လ ၂၈ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦးသေဆုံးပြီးနောက် တောင်ကြားရွာအတွင်းသို့ ဝင်ရောက်လာစဥ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ညအချိန် ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ်သည် သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျေးရွာကို ထပ်မံ မီးရှို့ဖျက်ဆီးစဥ် ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှုများရှိကာ ကျေးရွာအတွင်းမှ ဆုတ်ခွာသွားကြောင်း သိရသည်။

” ရွာထဲ မဝင်မီ ထိတွေ့တိုက်ပွဲမှာ PDF ရဲဘော် ၁ ဦးကျတယ်။ စစ်ခွေးတွေ ဘက်က အလောင်း ၂ လောင်းနဲ့ လက်နက် ၂ လက်ရတယ်။ ရွာအဝင်မှာ မိုင်းဆွဲခံရသေးတယ်။ စစ်ခွေး ထိခိုက်မှုရှိတယ်။ အခုတော့ စစ်ခွေးေတွေ တောင်ကြားမှာ မရှိတော့ဘူး။ တောင်မြို့ရွာမှာ စစ်ခွေးတွေ ရှိနေသေးတယ်။ ရွာသားတွေ တောင်မြို့ရော တောင်ကြားရွာကိုကော ပြန်မဝင်သေးဘူး။ မနေ့က မွန်းလွဲပိုင်း ရွာထဲမှာ စစ်ခွေးတွေ မီးရှို့နေချိန် ဝင်ပစ်ခံရသေးတယ်။ စစ်ခွေးတွေ ဘက်က ထိခိုက်မှု ရှိတယ်” ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article