34 C
Yangon

စစ်ကောင်စီ၏ မဟာမိတ် MAI၊ ကမ္ဘောဇ လေကြောင်းလိုင်းက လေယာဉ်လက်မှတ်ကို တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၅၀ ကျပ်ဖြင့် ချက်ချင်း ပြောင်းလဲ ကောက်ခံ

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

စစ်ကောင်စီ၏ မဟာမိတ် စီးပွားရေးလုပ်ငန်းဖြစ်သော မဟာမိတ် MAI နှင့် Air KBZ လေကြောင်းလိုင်းက လေယာဉ်လက်မှတ်ကို အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၃၀၅၀ ကျပ် ဖြင့် ချက်ချင်း ပြောင်းလဲကောက်ခံကြောင်း လေယာဉ်လက်မှတ် ကိုယ်စားလှယ်များထံသို့ အကြောင်းကြားစာ ပေးပို့လိုက်သည်။

ဩဂုတ်လ ၂၆ ရက်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၇၅၀ ကျပ် ဖြင့် ပြောင်းလဲကောက်ခံနေရာမှ ဩဂုတ် ၃၀ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၅၀ ကျပ်ဖြင့် ပြောင်းလဲကောက်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာ လျှင် ငွေကျပ် ၂၁၀၀ ကို စစ်တပ်၏ မဟာမိတ် Air KBZ ကပင် အဆိုပါ နှုန်းထားဖြင့် မကောက်ခံဘဲ စျေးကွက်ပေါက်စျေး အနည်းငယ်လျှော့သော စျေးနှုန်းဖြင့် လေယာဉ်လက်မှတ်များကို ကောက်ယူခြင်းဖြစ်သည်။

“သောကြာနေ့က ၂၇၅၀ ပြောင်းခဲ့ပြီးသားကို ဒီနေ့ မပြောမဆိုနဲ့ တစ်ဒေါ်လာ
၃၀၅၀ ကျပ်နဲ့ ချိန်းသွားတာ။ MAIတို့ Air KBZ လည်း မအလနဲ့ပတ်သက်နေတာပဲ” ဟု လေယာဉ်အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article