30 C
Yangon

ကော့ကရိတ်တွင် အကြမ်းဖက်စစ်ကောင်စီက ညနေ ၆ နာရီ မှ နံနက် ၄ နာရီအထိ လမ်းပေါ်မထွက်ရ အမိန့်ထုတ်ပြန်

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ညနေ ၆ နာရီမှ နံနက် ၄ နာရီအထိ လမ်းပေါ် မထွက်ရ အမိန့်ကို ဩဂုတ်လ ၃၁ ရက်နေ့ စတင် သက်ရောက် မည့် အမိန့်ကို ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၅ ရက်နေ့တွင် ကော့ကရိတ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် မူလ သတ်မှတ်ထားသော ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ လမ်းပေါ်မထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၄ နာရီအထိ လမ်းပေါ်မထွက်ရ အမိန့်အဖြစ် ပြင်ဆင်ကြောင်း ကော့ကရိတ်မြို့နယ် စစ်ကောင်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်တွင် ဩဂုတ် ၁၅ ရက်နေ့ KNLA နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ရဲ ၆ ဦးနှင့် စစ်သား ၁ ဦးတို့ သေဆုံးခဲ့ကြောင်း၊ ကော့က ရိတ် ပစ်ခတ်မှုတွင် ရဲမှူးမင်းသန်း၊ ရဲတပ်ကြပ်ကြီး ပြည်စုံဝင်း၊ ရဲတပ်ကြပ်ကြီး အောင်ကျော်ညွှန့်၊ ရဲတပ်ကြပ်ကြီးစိုးဝင်း၊ ရဲတပ်ကြပ်ကြီး အောင်ထွန်း၊ ရဲဒုတပ်ကြပ် စိုင်းမင်း၊ တပ်ကြပ် နိုင်လင်း (ခလရ-၉၇ ) တို့ အစု လိုက်အပြုံ လိုက် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article