34 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ်၃၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၃၁ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ပြည်တွင်းစီးပွားရေးစျေးကွက်အတွင်းမှာ ဒီနေ့ အမေရိကန်တစ်ဒေါ်လာကို ၄၀၀၀ အထက် မြင့်တက်နိုင်ဖွယ် ရှိနေပြီး ဝယ်လိုအားများနေကာ ဒေါ်လာပြတ်လပ်မှုကြီးမားလာနေပြီး မြန်မာငွေတန်ဖိုးထိုးကျနေမှုဟာ ထိန်းမ ရတော့ဘူးလို့ စီးပွားရေးသမားတွေက ပြောပါတယ်။ – စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံအပါအဝင် ကျေးရွာလေးရွာက အိမ်တွေကို မီးရှို့ခဲ့ ပါတယ်။ အဲဒီအကြမ်းဖက်စစ်တပ်ဟာ သရက်ပင်ရွာ၊ ဝါးတန်းအရှေ့ရွာ၊ ဝါးတန်းအနောက်ရွာ၊ အုန်းပင် ဆိပ်ရွာတို့ကို အကြမ်းဖက်စစ်တပ်က သြဂုတ်လ ၂၈ရက်နဲ့ ၂၉ ရက်နေ့တို့မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာ အတွင်းက စာသင် ကျောင်း၊ တိုက်နယ်ဆေးရုံအပါအဝင် နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ – ပြည်ပရောက်မြန်မာတွေရဲ့ ပြည်တွင်းကိုလွှဲပို့တဲ့နိုင်ငံခြားငွေတွေကို ၂၁ ရက်အတွင်း အပြီးသတ် ရောင်းချ ရမယ်လို့ အကြမ်းဖက်စစ်ကောင်စီဗဟိုဘဏ်က ဩဂုတ် ၃၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ – မြေပြင်မှာအမှန်တကယ်မရှိတဲ့အဖွဲ့တွေအမည်နဲ့ ကြေညာချက်တွေထုတ်ပြန်ပြီး တော်လှန်ရေးကို မျှော်လင့်ချက်အမှားပေးနေတဲ့လုပ်ဆောင်ချက်တွေရှိနေလို့ သတိထားကြဖို့ ရန်ကုန်မြို့ပြ‌ပြောက်ကျား အဖွဲ့တွေက အသိပေးထားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article