30 C
Yangon

ပေါက်တွင် စစ်တပ် အတွက် ရိက္ခာတင်လာသော ပျူစောထီးကားများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး၊ နတ်တလင်းတွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၃၁

မကွေးတိုင်း ပေါက်မြို့နယ်တွင် ရိက္ခာသယ်ဆောင်ပြီး ပြန်လာသည့် ပျူစောထီးအဖွဲ့များကို ပေါက်-ပုသိမ်-မုံရွာ လမ်းဆုံတွင် သြဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း Pauk Revolution Front (PRF) အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် လက်အောက်ခံ ဒီးဒုတ်ကွင်းရွာ ပျူစောထီးအဖွဲ့ ရိက္ခာကားကို Pauk Revolution Fornt (PRF)၊ Knight Commander၊ King Fighter၊ ပေါက် တပ်ရင်း ၄ နှင့် Local PDF များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်​ပြီး ၅ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်း နတ်တလင်းမြို့နယ် ပျဥ်းမခေါင်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း နတ်တလင်း PDF တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ Phoenix D-F (Nattalin PDF)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article