25.7 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: August, 2022

ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် အင်ပင်ထီးကျေးရွာရှိ ပျူစာထီးစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ၄ ကြိမ် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၅ ဦး ထက်မနည်းသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၆ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် အင်ပင်ထီးကျေးရွာရှိ ပျူစောထီးစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်း သေဆုံးကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ထံမှ သတင်းရရှိသည်။ ဩဂုတ်လ ၁၃ ရက် နေ့လယ် ၁ နာရီတွင် ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို...

ရန်ကုန်၊ အင်းလျားလိတ်ဟိုတယ်လမ်းရှိ ကထပတပ်ဖွဲ့ ဝင်းမြေနေရာတွင် ရုရှားစစ်ဘက်ကိုယ်လှယ်များအတွက် မြေနေရာပေး၊ ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ကော်မတီဖွဲ့စည်းပြီး ဆီများ စတင်သယ်ယူ

ရန်ကုန်၊ ဩဂုတ် ၁၆ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အင်းလျားလိတ်ဟိုတယ်လမ်းရှိ ကာကွယ် ရေးပစ္စည်း ထုတ်လုပ်မှု တပ်ဖွဲ့၊ ပစ္စည်းထိန်းတပ် (ကထပ) တပ်အတွင်းရှိ မြေနေရာကို ရုရှားစစ်ဘက်ကိုယ်စားလှယ်များ အခြေစိုက်ရန် ပေးအပ်ထားကြောင်း နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။ ရန်ကုန်မြို့၊ အင်းလျားလိတ် ဟိုတယ်လမ်း၊ အင်းယားလိပ်ဟိုတယ်နှင့် မျက်နှာ ချင်းဆိုင် မြေဧရိယာ...

စစ်တပ်ပိုင် Y8 လေယာဉ် ဆင်းသက်စဉ် ပြေးလမ်းပေါ် စက်ပျက်သွား၍ ရန်ကုန်လေဆိပ် အရေးပေါ် ပိတ်ထားရ

ရန်ကုန်၊ ဩဂုတ် ၁၆ အကြမ်းဖက်စစ်တပ်၏ စစ်တပ်ပိုင် Y8 လေယာဉ်သည် ရန်ကုန်လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းပေါ် စက်ပျက်သွား၍ ရန်ကုန်လေဆိပ်ကို အရေးပေါ် ပိတ်ထားရကြောင်း သတင်းရင်းမြစ်များက ပြောသည်။ "Y8 လေယာဉ် ပြေးလမ်းပေါ်မှာ ပြေးလမ်းချော်တယ်လည်းပြောတယ်။ စက်ပျက်တယ်လည်းပြောတယ်။ အဲဒါ ရန်ကုန်လေဆိပ်ကို အရေးပေါ်ပိတ်ထားတယ်။ ဆင်းလာတုန်း ပြေးလမ်းပေါ်မှာ...

မလေးရှားနိုင်ငံကွာလာလမ်ပူမှ ရန်ကုန်မြို့သို့ ပျံသန်းလာသော MH740 ခရီးသည်တင်လေယာဉ် ရန်ကုန်လေဆိပ်တွင် ဆင်းခွင့်မရဘဲ ဘန်ကောက်မြို့တွင် သွားဆင်း၊ ရန်ကုန်လေဆိပ်ပေါ်တွင် ဆင်းသက်ရန် အကြိမ်ကြိမ် ပတ်၍ ပျံသန်းပြီးမှ ဆင်းခွင့်မရဘဲ ပြန်ထွက်ခွာသွား

ရန်ကုန်၊ ဩဂုတ် ၁၆ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့မှ ရန်ကုန်မြို့သို့ ဦးတည်ပျံသန်းလာသော MH740 / B738/9M-MXH - MAS 740 လေယာဉ်သည် ရန်ကုန်လေဆိပ်တွင် ဆင်းသက်ရန် ကွင်းပတ်ရန် ပျံသန်းခဲ့ပြီးနောက် မဆင်းသက်တော့ဘဲ ဘန်ကောက်မြိုု့သို့ ဦးတည်ပျံသန်းသွားကြောင်း လေယာဉ်လမ်းကြောင်းကြည့် Flightradar24 ၏...

AA နှင့်တိုက်ပွဲတွင် သေဆုံးသော စစ်သား ၃၇ ဦးတွင် ခလရ ၂၇၀ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး မိုးဇော်၊ ခမရ ၅၃၇ ဗိုလ်မှူးသက်နိုင်ဦး၊ ခလရ ၂၀ မှ ဗိုလ်မှူး တို့ ပါဝင်

ရန်ကုန်၊ ဩဂုတ် ၁၆ ရခိုင်ပြည်နယ်နှင့်ပလက်ဝေ ဒေသတို့တွင် ဩဂုတ် ၁၃ ရက်နေ့ ဖြစ်ပွာ‌ေးသာ AA နှင့်တိုက်ပွဲတွင် သေဆုံးသော စစ်သား ၃၇ ဦးတွင် ခလရ ၂၇၀ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး မိုးဇော်၊ ခမရ ၅၃၇ ဗိုလ်မှူးသက်နိုင်ဦး၊ ခလရ...
00:09:26

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်း

အစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၆ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ - အကြမ်းဖက် စစ်ခေါင်းဆောင် အာဏာလု မင်းအောင်လှိုင်ရဲ့ အမိန့်အရ ပြည်တွင်းမှာရှိတဲ့ ပို့ကုန်လုပ် ငန်းရှင် တွေ အနေနဲ့ စစ်ကောင်စီကို ဒေါ်လာတွေ ပေးကြဖို့အပြင် ၊...

ခင်ဦး၊ ဝန်းကြီးကျေးရွာမှ ရွှေတောသို့ အလုပ်သွားလုပ်မည့် လူငယ် ၇ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်

ရန်ကုန်၊ သြဂုတ် ၁၆ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ဝန်းကြီးကျေးရွာမှ လူငယ် ၇ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်တပ် ဖမ်းဆီး သတ်ဖြတ်ခဲ့သော...

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်များ ထပ်မံ ချမှတ်မှု အာဆီယံဘုံသဘော တူညီချက် ၅ ရပ်ကို စစ်ကောင် စီက ဂရုမစိုက်ကြောင်း ထပ်မံပြသ၊ NUG ၊ NUCC နှင့် ဆက်ဆံကြရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ထပ်မံ တိုက် တွန်း

ရန်ကုန်၊ ဩဂုတ် ၁၆ အကြမ်းဖက်စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့တွင် ထောင် ဒဏ်များ ထပ်မံ ချမှတ်ခြင်းသည် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက ဂရုမစိုက်ကြောင်း ထပ်မံပြသလိုက်ခြင်းဖြစ်ပြီး NUG ၊ NUCC နှင့် ထိတွေ့ ဆက်ဆံကြရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah...

စစ်အာဏာရှင် ဖြုတ်ချရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၁၆ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက်တွင် ၅၂၃ ရက်မြောက် ချီတက်ဆန္ဒပြကြသည်။

လောင်းလုံးတွင် အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး လူငယ်များ ကြွေးကြော်ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၁၆ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် တော်လှန်လူငယ်များသည် ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက်တွင် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး ဆန္ဒပြကြသည်။ ဆန္ဒပြ လူငယ်များက အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ဓါတ်ပုံကို မြေတွင် ချ ကာ ခြေဖြင့် နင်းချေ ဖျက်ဆီးခဲ့ကြသည်။

Latest news

- Advertisement -spot_img