ARCHIVE
Monthly Archives: August, 2022
ရန်ကုန်မြို့လယ်ခေါင် ၃၇ လမ်းအနီးတွင် ဗုံးပေါက်ကွဲ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာနှင့်မင်္ဂလာဒုံတို့တွင်လည်း ဗုံးပေါက်ကွဲသံနှင့် ပစ်ခတ်သံများကြားရ
ရန်ကုန်၊ ဩဂုတ် ၃၁
ရန်ကုန်မြို့လယ်ခေါင် ၃၇ လမ်းအနီးတွင် ယနေ့ည အလွန်ပြင်းသည့် ဗုံးတစ်လုံး ပေါက်ကွဲသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုကြသည်။
ဩဂုတ်လ ၃၁ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ယမ်းနံ့များနှင့် တိုက်ပါတုန်သွားသည်ကို ခံစားရသည်ဟု...
ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင် ၄၀ စစ်ကောင်စီတပ်စခန်းကို သိမ်း ပိုက်ရရှိ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ၊ ပလက်၀တွင်လည်း စစ်သား ၁၀ ဦး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၃၁
ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ် ၄၀ ရှိ စစ်ကောင်စီတပ်စခန်းကို AA က ယနေ့ သိမ်းပိုက်ရရှိပြီး ၁၉ ဦးသေဆုံးကာ လက်နက်များ သိမ်း ဆည်းရမိကြောင်း AA က သတင်းထုတ်ပြန်ထားသည်။
သြဂုတ်လ ၃၁ ရက်နေ့တွင် ရက္ခိုင်-ဘင်္ဂလာဒေ့ရှ် နယ်စပ်၊ မိုင်တိုင်အမှတ်...
ပေါက်တွင် စစ်တပ် အတွက် ရိက္ခာတင်လာသော ပျူစောထီးကားများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး၊ နတ်တလင်းတွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး
ရန်ကုန်၊ သြဂုတ် ၃၁
မကွေးတိုင်း ပေါက်မြို့နယ်တွင် ရိက္ခာသယ်ဆောင်ပြီး ပြန်လာသည့် ပျူစောထီးအဖွဲ့များကို ပေါက်-ပုသိမ်-မုံရွာ လမ်းဆုံတွင် သြဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း...
ခင်ဦးတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၃၁
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦးသေဆုံးကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးနှင့် တော်လှန်ရေးရဲဘော်တချို့ထံမှ သိရှိရသည်။
ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် ခန့် ပျူစောထီး ပျဥ်ထောင်ကျေးရွာမှ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများသည် လက်နက်ကြီးများဖြင့် ရွှေကူတဲစုကျေးရွာသို့...
စက်သုံးဆီတင်သွင်းမှုအတွက် နိုင်ငံခြားငွေစျေးကွက်မှ တစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ကျော် ဗဟိုဘဏ်က ရောင်းပေးမည်ဟုဆို၊ စံချိန်တင် ငွေလဲနှုန်း ဆက်မတက်ရန် အယောင်ပြ ထုတ်ပြန်ချက်ဖြစ်နိုင်ပြီး မည်သည့်အာမခံချက်နှင့် ရှင်းလင်းချက်မှ မပါဝင်ဟုဆို
ရန်ကုန်၊ ဩဂုတ် ၃၁
အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းသည့် လုပ်ငန်းရှင်များကို နိုင်ငံခြားငွေစျေးကွက်မှတစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ကျော်ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန် ကြေညာသည်။
စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်မှတဆင့်...
သရက်ချောင်းတွင် အကြမ်းဖက် စစ်အာဏာရှင် ကျဆုံးရေး သပိတ်မှောက်
ရန်ကုန်၊ ဩဂုတ် ၃၁
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် သရက်ချောင်းမြို့နယ်သပိတ်ကော်မတီဝင်များ ၊ အခြေခံပညာကျောင်းသားလူငယ်များ၊ LGBTများနှင့် ပြည်သူများနှင့် ပူးပေါင်းကာ ဩဂုတ် ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက်ခဲ့ကြသည်။
မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ သြဂုတ် ၃၁
မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရွှေရေကြည် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ သြဂုတ် ၃၁
ယင်းမာပင် မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန် သပိတ် အင်အားစုများ စစ်အာဏာရှင် ဖြုတ်ချရေး ညသပိတ် ပြုလုပ်
ရန်ကုန်၊ သြဂုတ် ၃၁
မန္တလေး ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ အကြမ်းဖက် စစ်တပ်၏ အဖမ်းအဆီးနှင့် အခက်အခဲမျိုးစုံ ရှိနေသည့်ကြားမှ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ပြည်/ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇေယျာတိုင်းရဲ့၅/ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ သြဂုတ် ၃၁
အရာတော်မြို့နယ်တွင် ဇေယျာတိုင်းရဲ့ ၅/ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။