33 C
Yangon

ရွှေဘို၊ ဝက်လက်နှင့် ချောင်းဦးတို့တွင် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကားနှင့် စစ်ကားများ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ ခမရ ၁၂ မှ ထွက်ခွာလာသော စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသည့် အိမ်စီးကား ၂ စီးကို စက်တင်ဘာလ ၉ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် အိမ်စီးကား ၂ စီးကို ရွှေဘို-ကျောက်မြောင်း လမ်းပိုင်း၌ နံနက် ၉ နာရီခန့်တွင် ရွှေဘိုခရိုင်တပ်ရင်း ၅ တပ်ခွဲ ၁ နှင့် Black Wolf -PDF အဖွဲ့တို့မှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်များမှ ထိခိုက် သေဆုံးမှုများရှိနိုင်ပြီး အိမ်စီးကား ၁ စီး ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အတွင်းရှိ မုဆိုးခြုံ၊ ယင်းမာကန်၊ ဖွတ်လှိုင်းရွာများကို စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ စစ်ကားများဖြင့် ပြန်လည် ဆုတ်ခွာစဥ် စက်တင်ဘာလ ၉ ရက်နေ့တွင် ရွှေဘိုခရိုင် တပ်ရင်း ၅ တပ်ခွဲ ၁ နှင့် BLACK WOLF – PDF အဖွဲ့တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။

မုံရွာ-မန္တလေး လမ်းပိုင်းတွင် မိုင်းရှာ ထွက်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းနှင့် ခြေလျင်စစ်ကြောင်းများ CHUPDF တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးPDF အဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံရွေးတိုးဂိတ်ဘက်မှ ချောင်းဦးမြို့ဘက်သို့ မုံရွာ- မန္တလေးလမ်းအတိုင်း မိုင်းရှာ ထွက်လာသည့် အကြမ်းဖက် စစ်တပ် သံပြားကာ ကား ၁ စီးနှင့် အင်အား ၇၀ ခန့်ပါ ခြေလျင်စစ်ကြောင်းကို ချောင်းဦးမြို့ အဝင် ၀.၅ မိုင်၌ ကားပေါ်ပြန် တက်ချိန်တွင် CHUPDF တပ်ခွဲ (၄)မှ မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သား အလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ချောင်းဦး ပြည်သူ့ အားကစားကွင်းသို့ CANTER ကားဖြင့် ၂ ခေါက် သယ်ဆောင် သွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင်လည်း စစ်ကိုင်းဘက်မှ လာသည့် စစ်ကား ၂၁ စီးပါ ယာဥ်တန်းကို ချောင်းဦးမြို့တွင်း၌ CHUPDF တပ်ခွဲ ၃ မှ ၂ ကြိမ် မိုင်းဆွဲ တိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အရေ အတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်း ယာဥ်တန်းကို ခင်မွန်ကျေးရွာ အနီး၌ CHUPDF တပ်ခွဲ ၁ မှ ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး ၅ စီးမြောက်နှင့် ၆ စီးမြောက် ယာဥ်တန်းတို့ကို ထိမှန်ကာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article