25.3 C
Yangon

စစ်ကိုင်း-ရွှေဘို လမ်းပိုင်းတွင် စစ်သား အချင်းချင်း မူးရူး ရန်ဖြစ်ရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦး သေဆုံး၊ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာကို နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် စစ်ကိုင်း-ရွှေဘို လမ်းပိုင်းတွင် စစ်သား အချင်းချင်း မူးရူး ရန်ဖြစ်ရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦး သေဆုံးကာ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာကို နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Phoenix Sagaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းမြို့နယ်၊ အုန်းတော ၆၀၀၅ တင့်ကားတပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ကိုင်း -ရွှေဘို လမ်းပိုင်း အတိုင်း စစ်ကြောင်းထိုးလာစဉ် မူးရစ် ရမ်းကားနေသော စစ်ကောင်စီ တပ်သား ၂ ဦးသည် အချင်းချင်း ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း ပစ်ခတ်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၁ ဦးမှာ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို ပစ်ခတ်မှု ဖြစ်ပွားသော နေရာကို တော်လှန်ရေး ရဲ‌ဘော်များက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ နယ်မြေရှင်းလင်း‌ရေး ပြုလုပ်စဉ် MA-(1)အမျိုးအစား သေနတ် (၂) လက် ၊ ကျည်ဘောက် (၅) ခု ၊ ၅.၅၆ ကျည်(၃၈) တောင့် ၊ MG (1) အမျိုး အစား လက်ပစ်ဗုံး ၁ လုံး တို့ကို သိမ်းဆည်း ရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ Phoenix Sagaing အဖွဲ့ အနေနဲ့ အကြမ်းဖက် စစ်ကောင်ဆီကို ‌‌ခြေသံလုံလုံ လေသံလုံလုံနဲ့ ဆက်လက်တိုက်ခိုက် သွားနေပါတယ်လို့ ပြောချင်ပါတယ်” ဟု Phoenix Sagaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Phoenix Sagaing အဖွဲ့ အနေဖြင့် စစ်ကိုင်း-ရွှေဘို လမ်းကြောင်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒေသတွင်း တော်လှန်ရေး အင်အားစုများ နှင့် အတူ ပူးတွဲ တိုက်ခိုက်လျှက် ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article