36 C
Yangon

အကြမ်းဖက်မင်းအောင်လှိုင်နှင့်အဖွဲ့ ရုရှားနိုင်ငံ Irkutsk လေဆိပ်မှ နေပြည် တော် သို့ ထွက်ခွာလာ၊ ညသန်းခေါင်ချိန် ဆိုက်ရောက်မည်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

အကြမ်းဖက်မင်းအောင်လှိုင်နှင့်အဖွဲ့သည် ရုရှားနိုင်ငံ Irkutsk လေဆိပ်မှ နေပြည် တော်သို့ ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄ မိနစ်အချိန်တွင် MAI Airbus A-319-112 လေယာဉ်ဖြင့် ထွက်ခွာလာကြောင်း သိရှိရသည်။

စက်တင်ဘာလ ၄ ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့အထိ ရုရှားနိုင်ငံ သွား ရောက်ခဲ့သော အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်နှင့်သည် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း MAI Airbus A319-112၊ လေယာဉ်အမှတ် 8M1 /MMA001ဖြင့် ပျံသန်းလာနေခြင်းဖြစ်ကြောင်း၊ မွန်ဂိုလီယားနှင့် တရုတ်ကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံတွင် လေယာဉ်ဆီဖြည့်ရန် ရပ်နားမည်ဖြစ်ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံတွင် စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာ ၈ ရက်နေ့ အထိ ပြု လုပ်ခဲ့သည့် ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်-၂၀၂၂ (The 7th Eastern Economic Forum 2022) တက်ရောက်ခဲ့သော မင်းအောင်လှိုင်နှင့် အကြမ်းဖက်များသည် ၎င်းတို့ စီးနင်းလိုက်ပါသော လေယာဉ်ပျံသန်းမှု ခရီးစဉ်ကို Flight Radar ကဲ့သို့သော Application များဖြင့် ကြည့်ရှုမရနိုင်ရန် ပိတ်ဆို့ထားပြီး ရံဖန်ရံခါ ပြန်လည် ကြည့်ရှု၍ ရသည်ကို တွေ့ရသည်။

နေပြည်တော်သတင်းရင်းမြစ်တခုကမူ ယနေ့ည သန်းခေါင်အချိန် မင်းအောင် လှိုင်နှင့်အဖွဲ့ နေပြည်တော် လေဆိပ် ဆိုက်ရောက်မည်ဟု ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့်အဖွဲ့ လိုက်ပါသော လေယာဉ် စတင် ထွက်ခွာချိန်တွင် Flight Radar ကဲ့သို့သော Applicationဖြင့် ကြည့်နိုင်ခဲ့သော်လည်း ပျံသန်းနေစဉ်အချိန် ကြည့်မရနိုင်ရန် ပိတ်ဆို့ထားပြီး ရံဖန်ရံခါ ကြည့်ရှု၍ရသည်ကို တွေ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article