33 C
Yangon

ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတားမြို့နယ်တွင် ဒုတိယအကြိမ် ဗုံးထပ်ပေါက်ပြန်၊ သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်တို့တွင် ဗုံးများပေါက်ပြီး ပစ်ခတ်သံတချို့ကြားရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁

ရန်ကုန်မြို့လယ်ခေါင်၊ ကျောက်တံတားမြို့နယ်၊ ၃၇ လမ်းအနီးတွင်ပင် စက်တင် ဘာလ ၁ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲပြီး အောင်ဘာလေထီသိန်းဆုဌာနခွဲအနီးတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း မြို့ခံက ပြောဆိုကြသည်။

“ခုနတုန်းကလိုပဲ အသံအရမ်းကျယ်တယ်။ ယမ်းနံ့တွေ မွှန်နေတာပဲ။ အရမ်းတိတ်ဆိတ်တဲ့အချိန်တော့ အသံက အတော်ကိုကျယ်တာ။ မြေကြီးတွေ တော်တော်ကိုတုန်ခါသွားတာ။ ၃၈ လမ်း အောက်ထိပ် ပန်းဆိုးတန်းမှတ်တိုင်နား အောင်ဘာလေထီရုံးနဲ့ မျက်နှာချင်းဆိုင်မှာပေါက်တာ” ဟု ၃၈ လမ်းတွင် နေထိုင်သူက ပြောသည်။

အလားတူ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်တို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ ည ဗုံး ၂ ကြိမ် ပေါက်ကွဲခဲ့သော အောင်ဘာလေထီသိန်းဆုဌာနခွဲအဆောက်အအုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article