34 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – စစ်ကောင်စီတပ်တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့ Federal Wings တပ်ဖွဲ့အနေနဲ့ Multi Rotorနဲ့ VTOL ဒရုန်းအမျိုးအစားတွေကို စတင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ – မြန်မာနိုင်ငံတစ်ဝန်း ဩဂုတ်လ ၃၁ ရက်နေ့ ရရှိထားတဲ့အချက်အလက်တွေအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၇ ဦးသေသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်နဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ – ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် ၄၀ က စစ်ကောင်စီတပ်စခန်းကို AA က မနေ့က သိမ်းပိုက်ရရှိပြီး အကြမ်းဖက်တပ်သား၁၉ ဦးသေသွားကာ လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ AA က သတင်းထုတ်ပြန် ထားပါတယ်။ – အကြမ်းဖက်စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီတင်သွင်းတဲ့လုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေစျေးကွက် ကနေတစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ကျော်ရောင်းချပေးမယ်လို့ ဗဟိုဘဏ်က မနေ့ကညနေပိုင်းမှာ ထုတ်ပြန် ကြေညာတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article