36 C
Yangon

စစ်ကောင်စီကို တိုက်ခိုက်ရန် ၆၀ မမ နှင့် ၈၁ မမ ဗုံးများ သယ်ဆောင် ကျဲချနိုင်သည့် ဒရုန်းများ စတင်ထုတ်လုပ်နေပြီ

Must read

ရန်ကုန်၊စက်တင်ဘာ ၁

စစ်ကောင်စီတပ်တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့ Federal Wings တပ်ဖွဲ့အနေနဲ့ Multi Rotor နှင့် VTOL ဒရုန်းအမျိုးအစားများတွေကို စတင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Multi Rotor ဒရုန်းအမျိုး အစား တွေအနေနဲ့ ပစ်မှတ်ကိုတိကျစွာ သွားရောက်ပစ်ခတ်နိုင်ပြီး ၆၀ မမ ဗုံးသီးနဲ့ ၈၁ မမ ဗုံးသီးတွေကိုလည်း သယ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

ဒရုန်းတွေမှာ Auto Pilot စနစ်ကိုသုံးထား တဲ့အပြင် စစ်ကောင်စီရဲ့ Jammer တွေကို နည်းပညာနဲ့ ကာကွယ်ထားတယ်လို့ Fedderal Wings ဆီသိရပါတယ်။

အဲဒီ Multi Rotor အမျိုးအစားကတော့ တိုက်ပွဲဝင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ နောက်အမျိုး အစားတစ်ခုကတော့ ပြည်နယ်နှစ်ခုသုံးခုထိ ခပ်ဝေးဝေးသွားနိုင်တဲ့ VTOL အမျိုးအစား ဖြစ်ပြီး ထုတ်လုပ်မှု အောင်မြင်လို့ စတင်တပ်ဆင်နေပြီလို့ သိရပါတယ်။

အဲဒီဒရုန်းတွေကို အကောင် အထည် ဖော်တဲ့နေရာမှာ မဟာဗျူဟာ၃ ရပ်နဲ့ အကောင်အထည် ဖော်နေ တယ်လို့ဆိုပါတယ်။ နည်းပညာ ကောင်းကောင်းနဲ့ စစ်ကောင်စီကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ပြီး အမြောက်အများ တပ်ဆင် ထုတ်လုပ်တဲ့ဗျူဟာတွေလုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

Federal Wings ရဲ့ Drone တွေကို စစ်ဆင်ရေးနယ်မြေဒေသအနှံ့မှာ တပ်ဖြန့်ထားနိုင်ဖို့နဲ့ လတ်တလေ ာတပ်ဖြန့်ထားတဲ့ Drone တွေရဲ့ စစ်ဆင်ရေးတွေမှာသုံးစွဲဖို့အတွက် အသီးအနှံတွေ လုံလောက်စွာဖြည့်တင်းနိုင်ဖို့တွေအတွက် အဓိက ရည်ရွယ်ပြီး ပြည်သူလူထုရဲ့ အကူအညီကို ယူကာ Fundraising Program ကိုလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Fundraising Program ကို campaign ပုံစံနဲ့သွားမှာမဟုတ်ဘဲ ဖြေးဖြေနဲ့ပုံမှန်သွားမှာဖြစ်ပြီး ထုတ်လုပ်မှု ကုန်ကျ စရိတ်နဲ့ စစ်ဆင်ရေးကုန်ကျစရိတ်အတွက် ရန်ပုံငွေ ဒေါ်လာ ၂ သန်းလျာထားတယ်လို့ သိရပါတယ်။

ယခုစတင်တဲ့ Federal Wings ရဲ့ Fundraising Program ကို အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီး ချုပ် ဦးမန်းဝင်းခိုင်သန်းရဲ့ညွှန်ကြားမှုနဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) က ဦးစီးပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ကူညီလှူဒါန်းလိုတဲ့ ပြည်သူတွေအနေနဲ့ Federal Wings facebook စာမျက်နှာနဲ့ Federal Wings website ကတဆင့် ပါဝင်ကူညီလှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article