23 C
Yangon

မြန်မာနိုင်ငံရှိ Ooredoo ဆက်သွယ်ရေးလုပ်ငန်းကို စင်ကာပူ Nine Communication ထံသို့ ရောင်းချ၊ လုပ်ငန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၇၆ သန်း သတ်မှတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၈

မြန်မာနိုင်ငံရှိ Ooredoo ဆက်သွယ်ရေးလုပ်ငန်းကို စင်ကာပူ Nine Communication ကုမ္ပဏီ ထံသို့ ရောင်းချရန် စာချုပ်ချုပ်ဆိုလိုက်ပြီး ရောင်းချမည့် ဆက်သွယ်ရေး လုပ်ငန်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၇၆ သန်း ရှိကြောင်း Ooredoo ကုမ္ပဏီက တရားဝင် သတင်း ထုတ်ပြန် ကြေညာသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့သော Ooredoo က ဆက်သွယ်ရေးလုပ်ငန်းများကို စင်ကာပူနိုင်ငံ Nine Communications Pte သို့ ရောင်း ချရန် သဘောတူစာချုပ် ချုပ်ဆိုလိုက်ပြီး လုပ်ငန်းတန်ဖိုး ကန်ဒေါ်လာ ၅၇၆ သန်းနှင့် စုစုပေါင်း အစုရှယ်ယာ ထည့်ဝင်မှု ဒေါ်လာ ၁၆၂ သန်းဖြင့် အရောင်းအဝယ်တန်ဖိုး သတ် မှတ်ထားကြောင်း သိရှိရသည်။

ဆက်သွယ်ရေးလုပ်ငန်း လွှဲပြောင်းရောင်းချမှုကို Ooredoo ၏ ဒါရိုက်တာဘုတ်အဖွဲ့နှင့် Nine Communications Pte ၏ ဒါရိုက်တာဘုတ်အဖွဲ့က အတည်ပြုခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Nine Communications ကုမ္ပဏီကို Link Family Office နှင့် ဦးဉာဏ်ဝင်းဆိုသူက ပိုင်ဆိုင်ကြောင်း ၊ ဦးဉာဏ်ဝင်းသည် တယ်လီကွန်းလုပ်ငန်းတွင် နှစ်ပေါင်း ၄၀ ကျော် အတွေ့အကြုံရှိကြောင်း၊ Link Family Officeမှာလည်း အတွေ့ အကြုံ ရှိသည့် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်ကြောင်း ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article