36 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် မင်းအောင်လှိုင်က ပြည်သူတွေကို ဗုံးကျဲသတ်ဖြတ်ဖို့ တိုက်လေယာဉ် ၄ စီးကို ထပ်မံ ဖြည့်တင်းတဲ့ ပုံစံနဲ့ တပ်တော်ဝင်အခမ်းအနား လုပ်ပြလာသလို ၊ မင်းအောင်လှိုင်ဟာ အချိန်အခါမဟုတ် ဘဲ လေတပ်နဲ့ရေတပ် တပ်တော်ဝင် အခမ်းအနားတွေ ဆက်တိုက် လုပ်နေပြန်တယ်လို့ လေတပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ ဝဲလောင်ရဲစခန်းကနေ အရက်ထွက် ဝယ်တဲ့ စခန်းမှူး နေမင်းနိုင် နဲ့ နယ်ထိန်းရဲ စိုးမြင့်သန်းတို့ကို တော်လှန်ရေးတပ်တွေက စောင့်ကြို တိုက်ခိုက်ရာမှာ နယ်ထိန်းရဲ စိုးမြင့်သန်းကတော့ တခါတည်း သေသွားပြီလို့ သိရပါတယ်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်း ရှမ်းလယ်ပြင် စစ်တပ်စခန်းကနေ ကင်းပတ်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦးကတော့ အသီးသီးသေကုန်ကြတဲ့အပြင် လက်နက်ခဲယမ်းနဲ့ အလောင်းတချို့ကိုပါ သိမ်းဆည်းရရှိထားတယ်လို့ KNDO တပ်ခွဲ ၃ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အမေရိကန် – အစ္စရေးနဲ့ အီရန်နိုင်ငံကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ဆက်လက်အရှိန်မြင့်နေပြီး စစ်ပွဲကြောင့် ရေနံဈေးတွေ ပြန်တက်နေပြန်သလို အီရန်ကလည်း ကမ္ဘာ့စီးပွားရေးကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်လာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article