20 C
Yangon

မုံရွာမှ စစ်ကိုင်းသို့ ထွက်ခွာလာသော စစ်ယာဉ်တန်း ၂ ကြိမ် မိုင်းခွဲခံရပြီး စစ်ကား ၂ စီး ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ စစ်ကိုင်းမြို့ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက စက်တင်ဘာလ ၉ ရက် ယနေ့တွင် ၂ ကြိမ်မိုင်းခွဲတိုက်ခိုက်ရာ စစ်ကား ၂ စီး ထိခိုက်ပျက်စီးမှုရှိကြောင်း မြင်းမူ လင်းယုန်နက် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ပထမအကြိမ်တိုက်ခိုက်မှုကို နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ခန့်၌ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်း ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြား၌လည်းကောင်း ဒုတိယအကြိမ်တိုက်ခိုက်မှုကို ၁၂ နာရီ ၁၅ မိနစ်တွင် အလ္လပက္ကကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြား၌လည်းကောင်း မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် ၁၃ စီးပါ စစ်ယာဉ်တန်း၏ ၃ စီးမြောက်နှင့် ၉ စီးမြောက် စစ်ကားများ ထိခိုက်မှုရှိသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)၊ People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM၊ စစ်ကိုင်းခရိုင် တပ်ရင်း ၆ တပ်ခွဲ ၂ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – စစ်ကိုင်းမြို့နယ်တွင်တွေ့ရသော စစ်ယာဉ်တန်းတစ်ခု (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article