30 C
Yangon

မန္တလေးတွင် ရဲတပ်ကြပ်ကြီးအောင်ညွှန့်ပစ်သတ်ခံရ ၊ အမရပူရတွင် စစ် အရာ ရှိ မိသားစုအိမ် ဗုံးပစ်ခံရပြီး ၁ ဦးသေဆုံး၊ ရမည်းသင်းကြံ့ဖွတ် မြို့နယ်အလုပ် အမှုဆောင် ထွန်းထွန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

မန္တလေး ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ ရဲစခန်းမှ ကျွန်းလုံးဥလျှောင် နယ်ထိန်း ရဲတပ်ကြပ် အောင်ညွန့်ကို စက်တင်ဘာလ ၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် အမည်မသိ သေနတ်သမားများက ကန်တော်ကြီးအနီး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဦးခေါင်း ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အလားတူ မန္တလေး အမရပူရမြို့နယ် စားတော်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်မှ ရုရှားပြန် ဗိုလ်ကြီး ကျော်မင်းထွန်း၏ မိသားစုဝင် နေအိမ်ကို မြစ်ငယ် အမျိုးသမီး PDF အဖွဲ့မှ စက်တင်ဘာလ ၇ ရက်နေ့ ည ၇ နာရီခန့်တွင် ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးကြောင်း မြစ်ငယ် PDF အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး ကျော်မင်းထွန်း၏ မိသားစုဝင်များ နေအိမ်ရှိ ယက္ကန်း အထည်ဆိုင်ကို မြစ်ငယ် အမျိုးသမီး PDF မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်အတွင်းရှိ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခြေထောက်ပြတ် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း သိရသည်။

ယက္ကန်းရုံတွင် နေထိုင်သော ဗိုလ်ကြီး ကျော်မင်းထွန်းနှင့် အမျိုး တော်စပ်သူများသည် အကြမ်းဖက် စစ်တပ် သတင်း ပေးများဖြစ်ပြီး စစ်ကောင်စီ၏ ပြန်ကြားရေးဖြစ်သူ ညီညီထွန်းနှင့် ဗိုလ်ကြီး ကျော်မင်းထွန်းတို့သည် ညီအစ်ကို အရင်းများဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေး ရမည်းသင်းမြို့နယ် ကြာပင်အင်းကျေးရွာတွင် စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ကြံ့ဖွတ်ပါတီဝင် မြို့နယ် အလုပ်အမှုဆောင် ထွန်းထွန်း၀င်းကို J-URF အဖွဲ့က ပစ်ခတ် တိုက်ခိုက်သောကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ထွန်းထွန်းဝင်းသည် စစ်တပ် သတင်းပေး ဖြစ်​ပြီး ပြည်သူများ၏ တိုင်ကြားစာများပါ ရရှိသောကြောင့် စက်တင်ဘာလ ၆ ရက်နေ့တွင် ကျေးရွာအတွင်း လမ်းဘေး မီးတိုင်များ မီးလိုက်ဖွင့်စဥ် J-URF အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသွားသော ရမည်းသင်းမြို့နယ် ကြံ့ဖွတ် အမှုဆောင် ထွန်းထွန်းဝင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article