ရန်ကုန်၊ စက်တင်ဘာ ၁၀
ရန်ကုန်မြို့ရှိ မီးရထား ဂုံးကျော်တံတား တစ်ခုပေါ်တွင် တော်လှန်လူငယ် Demon မှ ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် “စစ်အာဏရှင် လက်အောက်မှာ ငါတို့အားလုံးဟာ အဖိနှိပ်ခံတွေပဲ” စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
“စစ်အာဏာရှင် ရှင်သန်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့ အားလုံးဟာ အဖိနှိပ်ခံတွေပဲ ဒါကြောင့် အဖိနှိပ်ခံတွေ မဖြစ်အောင်စစ်အာဏာရှင်ကို တော်လှန်ရေးရဲဘော်များနှင့်အတူပြည်သူတွေပါဝင်ပြီး အာဏာရှင်ကို တိုတ်ထုတ်ပေးကြပါ” ဟု စာတန်းချိတ်ဆွဲခဲ့သည့် တော်လှန်လူငယ် Demon မှ ပြောဆိုသည်။