27 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – လောက်ကိုင်နဲ့ ရခိုင်ဒေသ တိုက်ပွဲတွေမှာ နာမည်ကြီးတယ်ဆိုတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ တပ်မ ၆၆ ဟာ ကရင်နီပြည်မှာတော့ အသေများနေတဲ့အပြင် ၊ တပ်မမှူးကိုယ်တိုင် အပြင်းအထန် ဒဏ်ရာရပြီး ၊ ဖွဲ့စည်းပုံပျက်တဲ့အထိ အခြေအနေ ဆိုးရွားနေပါတယ်။ – ကရင်အမျိုးသားအစည်းအရုံး၊ KNU တပ်မဟာ ၆ အုပ်ချုပ်နယ်မြေအတွင်းက မြဝတီမြို့နယ်၊ သုံးထပ် ကွေ့အနီး ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၄၄၊ ခလရ ၈ က တပ်သား ၂ ဦး စက်တင်ဘာလ ၉ ရက်နေ့က KNU ဆီကို ထပ်မံ ခိုလှုံလာတယ်လို့ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ မုံရွာအကျဉ်းထောင်က အကျဉ်းဦးစီးအရာရှိ မျိုးညွန့်အောင်ကို စက်တင်ဘာလ ၉ ရက်နေ့က ဖမ်းဆီးရမိထားတယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (chindwin – attack force) တပ်ရင်း ( ၂ ) တပ်ခွဲ ( ၄ ) Fight For People F.F.P ကနေ သတင်း ထုတ်ပြန်ထားပါတယ်။ – မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ အများပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဂိတ် ၄ ဂိတ် ခု ၊ ဖွင့်လှစ် လိုက်ပြီး မည်သည့်ငွေကြေးမှ တောင်းယူ ကောက်ခံမှာ မဟုတ်ဘဲ ပြည်သူကို ရိုင်းပြစွာ ဆက်ဆံတာတို့ ၊ ငွေတောင်းခံတာတို့ ရှိခဲ့ရင် တိုင်ကြားနိုင်တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article