“လေကြောင်းကတိုက်ခိုက်ခံနေရဲ့ ပြည်သူတွေ ခံစားနေရသလို စစ်အုပ်စုကို ပြန်လည်တုံ့ပြန်နိုင်ပြီလားဆိုရင် အဲ့ဒီအနေအထားရောက်ဖို့ အစွမ်းကုန် ကြိုးစားနေကြတယ်” အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၇) တပ်ရင်း(၇၀၆) PDF ဒရုန်းတပ်ရင်းတစ်ခုရဲ့ တာဝန်ခံ ရဲဘော် အိုမိုဒါ နှင့်တွေ့ဆုံမေးမြန်းခြင်း By ရန်ကုန်ခေတ်သစ် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်သား လက်နက် ကိုင်အဖွဲ့တွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ နေ့စဉ်ဖြစ်ပွား နေပါတယ်။ အဲ့ဒီလိုတိုက်ပွဲတွေအတွင်း တော်လှန်ရေးအင်စားစုတွေဟာ မြေပြင်မှာ ထိတွေ့တိုက်ခိုက်မှုတွေ ၊ မိုင်းဆွဲ တိုက် ခိုက်မှုတွေ အပါအဝင် နည်းပညာအသုံးပြုပြီး ၊ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေကိုလည်း ပုံဖော်လာ ခဲ့ကြပါတယ်။ ဒီလို ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်မှုတွေကိုလည်း စစ်ကောင်စီဘက်က တုန်လှုပ်ခြောက်ခြားလာ တာတဲ့အတွက် ဒရုန်းတိုက်ခိုက်မှုတွေကို ကြောက်စရာမလိုဘူး သို့ပေမယ့် မကြောက်ပဲလည်း မနေနဲ့ ဆိုတဲ့ ပြောဆိုနေတာ တွေရှိနေပါပြီ ။ ဒါကြောင့်လက်ရှိမြေပြင်မှာ ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်မှုတွေရဲ့ အရေးပါပုံတွေကို တစ်စိတ်တစ်ပိုင်း သိနိုင်ဖို့အတွက် NUG- MOD လက်အောက်ကနေ ဖွဲ့စည်းထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၇) တပ်ရင်း(၇၀၆) PDF ဒရုန်းတပ်ရင်းတစ်ခုရဲ့ တာဝန်ခံ ရဲဘော် အိုမိုဒါနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။