35 C
Yangon

မင်းအောင်လှိုင် ဦးဆောင်မှုဖြင့် ဆီ ခိုးထုတ်၊ ဆက်ကြေးတောင်း၊ လူသတ်နေသော ဖက်ဆစ် လေတပ်

Must read

By မိုက်ကယ်(CDM)

နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် လေတပ်၏ လေယာဉ်ဆီ ခိုးရောင်းသည့် ခြစားမှုကြီးများသည် မင်းအောင်လှိုင်လက်ထက်တွင် ပို၍ ဆိုးဝါးလာသည်။ အဘယ်ကြောင့်ဆိုသော မင်းအောင်လှိုင်ကိုယ် တိုင်က လေတပ်အရာရှိနှင့် စစ်သည်များ CDM လုပ်မည် စိုးရိမ်၍ CDM မလုပ်လျှင်ပြီးရော လုပ်ချင်ရာ လုပ်ခွင့် ပြုလိုက်ခြင်းကြောင့်ဖြစ်သည်။

လက်ရှိ စစ်ကောင်စီက အသုံးပြုနေသော MIG-29 ၊ K-8W၊ Yak-130 ၊ A-5 ၊Mi-17 ၊Mi-35၊ Y-8 တိုက် လေယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် ဆီစားနှုန်း အလွန် မြင့်မားသည်။

ဆီစားနှုန်းများသော လေယာဉ်အုပ်များတွင် MIG-29 လေယာဉ်အုပ်မှ လေယာဉ်မောင်း ပိုင်းလော့နှင့် EO များသည် လေယာဉ်ဆီ အများဆုံး ခိုးရောင်းခွင့်နှင့် ကကလေ (နေပြည်တော်) စစ်ရုံးသို့ လေယာဉ်ဆီ ခိုးရောင်းချမှုမှ ရရှိငွေများကို ခွဲတမ်းပြုလုပ်ပေးကြရသည်။

လေယာဉ်ဆီခိုးရောင်းချမှု ရရှိသော ငွေများကို စစ်ရုံးဌာနများရှိ G-1 စစ်ဦးစီးအရာရှိ (ပထမတန်း) များ၊ B.G စစ်ဦးစီး ဗိုလ်မှူးချုပ်၊ COS စစ်ဦးစီးအရာရှိချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ထံသို့ လျှို့ဝှက်သော ငွေလွှဲနည်း အကောင့်များမှတစ်ဆင့် ပေးပို့ကြရသည်။

လေယာဉ်ဆီ ခိုးထုတ်နိုင်သော နေရာများသည် လေတပ်တစ်ခုလုံးတွင် ရာထူးအာဏာနှင့် လုပ်ပိုင်ခွင့် အများဆုံးရရှိကာ စစ်ရုံးရှိ အဓိကနေရာ ဌာနများကိုလည်း ချုပ်ကိုင်ထားနိုင်သည်။

MIG-29 လေယာဉ်အုပ်ရှိ အုပ်မှူး(ခေါ်) ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးများနှင့် First EO ခေါ် အင်ဂျင်နီယာများမှာလည်း လေယာဉ်ဆီ ရောင်းချငွေများမှ ရာခိုင်နှုန်း အများဆုံးရယူ၍ နောက်ဆုံး ပေါ် ကား တဝီဝီနှင့် ထည်လဲစီးနိုင်ကြသည်။ နှစ်ပေါင်းများစွာ ယနေ့အချိန်အထိ မော်ကြွား ဂုဏ်ဆာနိုင်နေကြဆဲပင်ဖြစ်သည်။

လေယာဉ်ဆီရောင်းချခွင့်အာဏာရှိနေသူများသည် ရရှိငွေဖြင့် လက်အောက်ရှိ စစ်သည် ၊ လေယာဉ်သား များသို့ ဖြန့်ဝေ၍ ထိန်းချုပ်ခိုင်းစေကြသည်။ ယခုအခါ လေယာဉ်ဆီခိုးထုတ်မှုပင်မကတော့ဘဲ ဂိတ်များတွင် ဆက်ကြေးကောက်သည့် အဆင့်အထိ လေတပ်က ပါဝင်ပတ်သက်လာကြသည်။

စစ်သည်အင်အားနည်းပါးမှုကြောင့် လေတပ်သည်လည်း ဂိတ်စောင့်အထိ ပါဝင်ပတ်သက်လာကြရသည်။ ဂိတ်စောင့်ရလျှင် ဆက်ကြေးတောင်းရသည့် ဂွင်ကလည်း တိုးလားပြန်သည်။ ဇီးရိုးမိုင်တိုးဂိတ်တွင် ဖြတ်သန်းသွားသော ကုန်ကားများထံမှ ဆက်ကြေး၊ ဂိတ်ကြေးက နေ့စဉ် သိန်းပေါင်းများစွာ ဝင်နေသည်။

ထို့ကြောင့် လေယာဉ်ဆီခိုးနိုင်သူများသာမက ဂိတ်စောင့်ခွင့်ရသူ လေတပ်အရာရှိများကလည်း လေတပ်တွင် အရေးပါလာကြသည်။ မင်းအောင်လှိုင်လက်ထက်တွင် လေတပ်သည် ငွေရှာခွင့် အကြီး အကျယ် ရနေကြသည်။

စစ်ကောင်စီက စေခိုင်းသည့်အချိန်တွင် လေကြောင်းဖြင့် ဗုံးကျဲပေးနေလျှင် မည်သည့် နည်းလမ်းနှင့်မဆို လေတပ်အရာရှိများနှင့် စစ်သည်များ စီးပွားရှာခွင့် ရရှိကြပြီဖြစ်သည်။

လေယာဉ်ဆီ ခိုးရောင်းနိုင်သည်၊ ဂိတ်စောင့် ဆက်ကြေးနှင့်ဂိတ်ကြေးများ ရှာနိုင်သည်။ လေတပ်သာမက လက်နက်ကိုင် တပ်အားလုံးတွင် မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို သစ္စာရှိနေလျှင် ပြည်သူကို သတ် ဖြတ် အနိုင်ကျင့် ဓားပြ တိုက်ခွင့် တရားဝင် ရရှိပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article