29 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ – စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမှာရှိတဲ့ လက်ယက်ကုံးစာသင်ကျောင်းက မူလတန်း ကလေးငယ်တွေကို အကြမ်းဖက် စစ်ကောင်စီတပ်က ရဟတ်ယာဉ် နဲ့ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်မှု ဖြစ်ပွားပြီးတဲ့နောက် မင်းအောင်လှိုင်ရဲ့ မြေး ၄ ဦး ပုံမှန် ကျောင်းတက်နေတဲ့ အင်းယားမြိုင်က EMPS-10 ကျောင်းကို လာမ တက်တော့ဘူးလို့ ရန်ကုန်ခေတ်သစ် ရဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ – အကြမ်းဖက် စစ်ကောင်စီရဲ့ ထားဝယ်-အခြေစိုက် ၊ အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ၊ စကခ-၈ လက်အောက်ခံ ၊ ခမရ ၄၀၁ က တပ်သား ၂ ဦးဟာ သေနတ် ၁ လက်၊ ကျည်ဆံ ၁၆ တောင့် နဲ့ အတူ ကရင် အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ဆီကို အလင်းဝင်လာတယ်လို့ မူတြော် သတင်းစဉ် ကနေ ထုတ်ပြန်ထားပါတယ်။ – စစ်ကိုင်းတိုင်း ၊ ရေဦး-ခင်ဦး လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရာရှိတွေ လိုက်ပါလာတဲ့ စစ်ကား ၄ စီးပါ ယာဥ်တန်းကို ဒီကနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က အရာရှိတွေ/ပါ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ – မကွေးတိုင်း ၊ မြိုင်မြို့နယ်မှာရှိတဲ့ သရက်ကန် ပျူစောထီးရွာက အကြမ်းဖက် စစ်ကောင်စီတပ်ကို စက်တင် ဘာလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article