32 C
Yangon

Air KBZ လေကြောင်းလိုင်း၏ ငွေပေးငွေယူများအားလုံးကို KBZ ဘဏ် အသုံးမပြု ရန် ကြေညာချက်ထွက်လာပြီး အခြားပုဂ္ဂလိကဘဏ်ငွေစာရင်းများ အသုံး ပြုရမည် ၊ MAI/KBZ ရှယ်ယာ ပိုင်ဆိုင်မှု အပြောင်းအလဲကြောင့်ဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်အာဏာရှင် မင်းအောင်လှိုင်နှင့်နီးစပ်ပြီး စစ်တပ်က မွေးထုတ်ခဲ့သော ခရိုနီတစ်ဦးဖြစ်သည့် ကမ္ဘာဇဘဏ် ဥက္ကဋ္ဌအောင်ကိုဝင်းပိုင် Air KBZ နှင့်ပတ်သက်သော ငွေပေးငွေယူများကို KBZ ဘဏ်အသုံးမပြုတော့ဘဲ အခြားပုဂ္ဂလိက ဘဏ် များတွင် ဖွင့်လှစ်ထား‌သော ငွေစာရင်းများတွင်သာ ငွေသွင်းကြရန် Air KBZ ၏ငွေကြေးဌာနက ကြေညာချက် ထုတ်ပြန်လိုက်သည်။

စက်တင်ဘာလ ၂၁ ရက်နေ့မှစတင်ပြီး Air KBZ လေကြောင်းလိုင်းသို့ ပေးသွင်းရမည့်ကြိုတင်ငွေများ၊ လက်မှတ်ရောင်းရငွေများ၊ လေယာဉ်စင်းလုံးငှားရမ်းခများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး ပေးသွင်းငွေများနှင့် လေကြောင်းလိုင်းသို့ ပေးရန်ရှိသော အခြားဝန်ဆောင်မှု ဆောင်ရွက်ခအားလုံါ်ကို KBZ ဘဏ်အစား အခြားဘဏ်စာရင်းအကောင့်များသို့ ငွေပေးသွင်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Air KBZ လေကြောင်းလိုင်းသို့ ပေးသွင်းငွေများအတွက် UAB ဘဏ်၊ တရုတ်စက်မှုနှင့်ကုန်သွယ်ရေးဘဏ်ICBC ဘဏ်၊ ရိုးမဘဏ်၊ AGD ဘဏ် ၊ CB ဘဏ်၊ AYA ဘဏ်များရှိ ငွေအကောင့်များသို့ ငွေလွှဲရမည်ဟု ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“KBZ ဘဏ်နဲ့ Air KBZ ဆိုတာ ကျနော်တို့ တစ်သက်လုံးတွဲပြီး မြင်လာတာ။ အခု က အတော်ထူးခြားတယ်။ ၂၀၁၉ လောက်ကတည်းက Air KBZ နဲ့ MAI ကို အောင်ကိုဝင်း မပိုင်တော့ဘူးလို့ သိထားကြတာ။ အခု ဒီကြေညာချက် ထွက်လာတော့ အဲဒါက ပိုသေချာလာတာပါ” ဟု လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

24 Hours ကုမ္ပဏီပိုင်ရှင် အောင်အောင်ဇော်သည် ၂၀၁၈ ခုနှစ်တွင် MAIနှင့် KBZ လေကြောင်းလိုင်း၏ ရှယ်ယာများကို ဝယ်ယူရင်းနှီးမြှုပ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင်ပင် Air KBZ နှင့် MAI လေကြောင်းလိုင်း၏ ရှယ်ယာအများဆုံးကိုအောင်အောင်ဇော်က ပိုင်ဆိုင်လာသည်ဟု သိရှိရကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article