ရန်ကုန်၊ စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ် ဝန်း တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် ERO များ၏ ထုတ်ပြန် ချက်များအရ သိရှိရသည်။
ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေ
ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ တောင်နီကျေးရွာ အနီး တောင်ကုန်းတစ်ခုသို့ ကျူးကျော်အခြေပြုရန် ကြိုးစားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်များကို စက်တင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင် KNLA တပ် ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ တပ်ခွဲ (၂) ပူး ပေါင်း တပ်ဖွဲ့များက လက်ဖြောင့်စနိုက်ပါ စစ်သည်များဖြင့် ပစ်ခတ်ရာ အ ကြမ်း ဖက်စစ်ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးခဲ့ကြောင်း ကော်ဘရာစစ် ကြောင်း က သတင်းထုတ်ပြန်သည်။
ခင်ဦးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင်လည်း မြင်းဒေါင်းစာသင်ကျောင်းထဲတွင် ကင်း ပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်များ ယနေ့ စက်တင်ဘာ ၂၁ ရက် နေ နေ့လယ် ၂ နာရီခန့် အချိန်တွင် ဒရုန်းဖြင့် ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခံ ရပြီး စစ်ကောင်စီဝင် ၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ခင်းပိုင်းအစောပိုင်းတွင် ရေဦးမှ ထွက် လာသည့် စစ်ကောင်စီတပ်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ၆ ဦး နေရာတွင် သေဆုံးကာ တစ်ဦးမှာ ရေဦး ဆေးရုံတွင် ထပ်မံ သေဆုံးသွားကြောင်း Spring Special Task Force – MRDA ခွဲ – K.U က သတင်းထုတ် ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကို Myanmar Royal Dragon Army မြန်မာ့တော်ဝင်နဂါးတပ်တော်၏ တပ်ခွဲတစ်ခုဖြစ်သည့် Spring Special Task Force – MRDA ခွဲ – K.U မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကလေးမြို့နယ်တွင် စစ်သား ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်း ကလေးမြို တောင်ဖီလာလမ်းမကြီးနှင့် ကျန်စစ်သားလမ်း (ဝန် ထမ်း အိမ်ရာလမ်း) လမ်းဆုံအနီးသို့ စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့် စစ်ကား ၃ စီး၊ အင်အား ၂၀ ခန့်ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲများ ရောက်ရှိလာပြီး မိုင်းရှာဖွေရှင်းလင်းရန် လုပ်ဆောင်နေစဉ် PDF (Kalay) က အသင့်စောင့်ဆိုင်း၍ မိုင်း၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင် စီဝင် သုံးဦး နေရာတွင် ထိမှန်လဲကျသွားကြောင်း PDF- ကလေးက သတင်းထုတ်ပြန် သည်။
တိုက်ခိုက်ခံရမှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် အနီးပတ် ဝန်းကျင်သို့ ရမ်းကားပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ဖြတ်သန်းသွားလာနေသည့် အပြစ်မဲ့ပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု သိရှိရကြောင်း PDF- ကလေးက ထုတ်ပြန်ထားသည်။
မင်းတပ်တွင်လည်း တိုက်ပွဲများဖြစ်
ချင်းပြည်နယ် မင်းတပ်မြို့နယ် အနောက်ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် နယ်မြေခံတပ်ရင်း ခလရ (၂၇၄) တပ်ရင်းထဲကို CDF-Mindat တပ်ဖွဲ့မှ လက်နက်ကြီး များဖြင့် ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို အတိအကျမသိရှိရသေးကြောင်းနှင့် CDF- Mindat ဘက်မှ ထိခိုက်မှု မရှိကြောင်း CDF – Mindat မှ သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်တွင်လည်း CDF-Mindat ၏ ဝံပုလွေစစ်ကြောင်းမှ အကြမ်းဖက်စစ်ကောင်စီ၏ မင်းတပ်မြို့အဝင်ဂိတ် တစ်ခုကို ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှု သည် စစ်ကောင်စီတပ်မှ ဝါဒဖြန့်ချိရေးအဖြစ် ယနေ့ ကျင်းပပြုလုပ်မည့် စျေးရောင်းပွဲတော်ကို ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှု များနိုင်ကြောင်း CDF- Mindat မှ သတင်းထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် မင်းတပ်မြို့နယ် စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအဖြင့် ရရှိထားသော ဆန်အိတ် များစွာကို မတရားထိန်းသိမ်းထားပြီး ဝါဒဖြန့်ချိရေးအဖြစ် စျေးရောင်းပွဲတော် ဟန်ပြဆက်လက်လုပ်ဆောင်နေမည်ဆိုလျှင် CDF-Mindat က ဆက်လက် တိုက်ခိုက်သွားမည်ဖြစ် ကြောင်း သတိပေးထားသည်။
မင်းတပ်မြို့ပေါ်ရှိ အများပြည်သူများအနေဖြင့် အကြမ်းဖက် စကစ ၏ ဝါဒဖြန့်ချီရေး စျေးရောင်းပွဲတော်သို့ ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်ကြရန်နှင့် နေအိမ်များတွင်သာ လုံလုံခြုံခြုံ နေထိုင်ကြရန် CDF-Mindat က တိုက်တွန်းနှိုးဆော်သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စက်တင်ဘာလ ၂၀ ရက်နေ့ ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ကြိတ်စခန်း သိမ်းပွဲတွင် KNLA မဟာမိတ်တပ်ပေါင်းစုက ဖမ်းဆီးရရှိထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သုံ့ပန်း ၂ ဦး။