28 C
Yangon

ရေးမြို့နယ်တွင် နယ်ထိန်းရဲ အောင်ကျော်မင်း ပစ်သတ်ခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ရွာက ကားပြင်ဆိုင်တစ်ခုမှာ နယ်ထိန်း ရဲတစ်ဦးကို စက်တင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ် အချိန်ခန့်က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရေးဘီလူး အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံလိုက်ရသူမှာ လမိုင်းမြို့ မြို့မ ၁၊ ၂၊ ၃နယ်မြေပိုင်နယ်ထိန်းရဲ အောင်ကျော်မင်း ဆိုသူဖြစ်ပါတယ်။

နယ်ထိန်းရဲ အောင်ကျော်မင်းဟာ ရေးမြို့ထဲက အပြစ်မရှိတဲ့ လူငယ်တစ်ဦးကို ပြီးခဲ့တဲ့ရက်တွေတုန်းက အကြောင်းမဲ့ ပစ်သတ်ခဲ့လို့ အခုလိုရှင်းလင်းလိုက်တာဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။

” ပြီးခဲ့တဲ့ရက်တွေတုန်းက လူငယ်တစ်ယောက်ကို ပစ်သတ်ခဲ့တာကို ကျွန်တော်တို့က မကျေနပ်လို့ ကွင်းဆက်လိုက်ပြီး သတိပေးချက်ထုတ်ပြီး ၈ နာရီအတွင်းမှာ အခုလိုရှင်းလင်းလိုက်တာပါ ” လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ရေးမြို့နယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ CDM မလုပ်ထားတဲ့ ဝန်ထမ်းတွေကို အမြန်ဆုံးနှုတ်ထွက်ဖို့ သတိပေးချက်ကိုလည်း ရေးဘီလူးအဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ရေးဘီလူးအဖွဲ့ဟာ ရေးမြို့ထဲမှာရှိတဲ့ စစ်ကောင်စီထောက်တိုင်မှန်သမျှကို ပစ်ခတ်ရှင်းလင်းနေတဲ့အဖွဲ့တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကလည်း ၄၀ မမ နဲ့ ရေးမြို့လယ်မှာရှိတဲ့ခရိုင်တရားရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဓာတ်ပုံ – နယ်ထိန်းရဲအောင်ကျော်မင်း

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article