30 C
Yangon

NUG ရန်ပုံငွေ နှင့် နွေဦးတော်လှန်ရေး လက်မှတ်ဝယ်၊ လှူဒါန်းမှုသော Wave/K-pay ရာပေါင်းများစွာကို စစ်တပ်က ပိတ်ပင်ပြီး လိုက်လံဖမ်းဆီးမှုများရှိနေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် နွေဦးတော်လှန်ရေးအတွက် လက်မှတ်ဝယ်ခြင်း၊ လှူဒါန်းမှု ပေးသော Wave နှင့် K-pay အကောင့်ရာပေါင်းများစွာကို စစ်ကောင်စီက ပိတ်ပင်ပြီး လိုက်လံ ဖမ်း ဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

NUG ရန်ပုံငွေရရှိစေရန် စ မှတ်၊ Dwan of Revo လက်မှတ်များ၊ ဒရုန်းတိုက်ခိုက်ရေး ဗုံးသီး အလုံး ၅၀၀ ပရောကျက်၊ ဒရုန်းဝယ်ယူရန် ပရောဂျက်၊ မမများနှင့် ပွဲကမယ် ပရောဂျက်၊ ဆန်ရေ ပရောဂျက်၊ ပြည်တော်ဝင်ပြီး နန်းသိမ်းမယ် အပါအဝင် ပရောဂျက်များသို့ လှူဒါန်းခဲ့သူများ လိပ်စာ၊ ဖုန်းနံပါတ်၊ လှူဒါန်းသည့် ငွေပမာဏများဖြင့် အကောင့်များ ပိတ်ပင်ခြင်း ၊ လိုက်လံ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဲဒီစာရင်းဇယားအတိုင်းထွက်လာတယ်။ ဒီအထဲမှာပါတဲ့သူတွေ သတိထားစေချင်လို့ပါ” ဟု ခေတ်သစ် ၏ သတင်းရင်းမြစ်တစ်ခုကပြောသည်။

စစ်ကောင်စီက ပိတ်ပင်ခိုင်းသည့် Wave နှင့် K-Pay အကောင့်မှာ ရာပေါင်းများစွာရှိပြီး အတိအကျကို မသိ ရှိရပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article