30 C
Yangon

သမိုင်းလမ်းဆုံ နှစ်ထပ်လုံခြုံရေး ရဲကင်းဘန်ကာသစ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂ ဦးထိခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ၊ နှစ်ထပ်လုံခြုံရေး ဘန်ကာသစ်အနီးတွင် ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အုန်းကနဲဆိုတဲ့ အသံကြားရတယ်။ စီးတီးမတ်နားမှာ လူနာတင်ကား ရပ်ထားတာလည်းတွေ့တယ်။ ၂ ဦးကို လူနာတင်ကားပေါ်တင်သွားတယ်။ ရဲလား၊ ပြည်သူလားမသိဘူး။ သေချာမသိသေးဘူးခင်ဗျ” ဟု အခင်းဖြစ်နေချိန် ဖြတ်သန်းသွားလာသူ ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

သမိုင်းလမ်းဆုံသည် စစ်ကောင်စီတပ်များက လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားသည့်နေရာဖြစ်ပြီး နှစ်ထပ် ဘန်ကာ လုံခြုံရေး အဆောက်အအုံ အသစ်တည်ထောက်ကာ လက်နက်ကိုင်စစ်သားများ အမြဲချထားသည့်နေရာလည်းဖြစ်သည်။

ဓာတ်ပုံ- ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် သမိုင်းလမ်းဆုံတွင် ဗုံးပေါက်ပြီး နောက် အရပ်ဝတ် စခ၊ ရခ များ လာရောက် စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article